Founder Diary – Lesson #002
Founder တစ်ယောက် ဖြစ်လာတဲ့အခါ
လူတွေရဲ့ ထင်မြင်ချက်ကို ကြားရတယ်။
ဒီလိုလုပ်သင့်တယ်။
ဒီဈေးက များတယ်။
ဒီ Project က မဖြစ်နိုင်ဘူး။
အစပိုင်းမှာတော့ အားလုံးကို လိုက်နားထောင်မိတယ်။
တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေက
ကိုယ့်အတွက်မဟုတ်တော့ဘဲ လူတိုင်းကို
ကျေနပ်အောင်လုပ်ဖို့ ဖြစ်လာတယ်။
ဒါပေမယ့်
လူတိုင်းရဲ့ အမြင်က မတူဘူး။
လူတိုင်းရဲ့ လိုချင်တာကို လိုက်ဖြည့်ပေးဖို့ ကြိုးစားရင်၊
နောက်ဆုံးမှာ ကိုယ့်ရဲ့ ဦးတည်ချက်ကိုပဲ
ဆုံးရှုံးသွားနိုင်တယ်။
ဝေဖန်သံတွေကို နားထောင်ပါ။
ဒါပေမယ့်
ကိုယ့်ရဲ့ တန်ဖိုး၊ ရည်ရွယ်ချက်နဲ့ မကိုက်ညီရင်
မဖြစ်မနေ လိုက်ပြောင်းစရာ မလိုဘူး။
လူတိုင်းရဲ့ လက်ခုပ်သံကို မရနိုင်ပေမယ့်
ကိုယ့်ရဲ့ ယုံကြည်ချက်ကိုတော့ မဆုံးရှုံးသင့်ဘူး။
လူတိုင်း သဘောကျအောင် နေမယ့်အစား၊
ကိုယ့်တန်ဖိုးကို နားလည်တဲ့သူတွေအတွက်
တန်ဖိုးရှိတဲ့အလုပ်ကို လုပ်ပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
