အခွင့်အရေး မရှိတာ မဟုတ်ဘူး၊ ကိုယ်က အဆင်သင့် မဖြစ်သေးတာ။

အခွင့်အရေး မရှိတာ မဟုတ်ဘူး၊ ကိုယ်က အဆင်သင့် မဖြစ်သေးတာ။

Founder Diary – Lesson #005

တစ်ခါက လူငယ်တစ်ယောက် ကျွန်တော့်ဆီ

လာပြောဖူးတယ်။

အစ်ကိုရော

ကျွန်တော် အလုပ်ရှာနေတာလည်း ကြာပါပြီ။

ဒါပေမဲ့

ကျွန်တော့်မှာ ဘာအခွင့်အရေးမှ မရှိသလိုပဲ။

ကျွန်တော် သူ့ကို ပြန်မေးလိုက်တယ်။

အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင် ရလား?

သိပ်မရဘူး အစ်ကို။

ဒါဆို MS Office ရော သုံးတတ်လား?

အခြေခံလောက်ပဲ ရတယ်။

သူများရှေ့မှာ Presentation ကောင်းကောင်း

လုပ်နိုင်လား?

တစ်ခါမှ မလုပ်ဖူးဘူး။

အခုခေတ် AI Tools တွေရော သုံးဖူးလား?

နည်းနည်းပါးပါးပဲ။

ကျွန်တော် ပြန်ပြောလိုက်တယ်။

မင်းမှာ အခွင့်အရေး မရှိတာ မဟုတ်ဘူး။

အခွင့်အရေး ရောက်လာတဲ့အချိန်မှာ ဆွဲဖမ်းနိုင်မယ့်

အရည်အချင်း မရှိသေးတာ။

အခွင့်အရေးဆိုတာ

မျက်စိမှိတ် စောင့်နေရုံနဲ့ ရောက်လာတတ်တဲ့အရာ

မဟုတ်ဘူး။

ဥပမာ

ကုမ္ပဏီကြီးတစ်ခုက လခကောင်း၊ ရာထူးကောင်းတဲ့

Position တစ်ခု ခေါ်လိုက်တယ်။ ဒါဟာ အခွင့်အရေးပဲ။

ဒါပေမဲ့ သူတို့တောင်းတဲ့ Skill Set တွေ

ကိုယ့်မှာ မရှိရင် အဲဒီအခွင့်အရေးက

ကိုယ့်ရှေ့တည့်တည့် ရောက်နေရင်တောင်

ကိုယ့်အတွက် မဟုတ်တော့ဘူး။

Business မှာလည်း ဒီအတိုင်းပါပဲ။

ကိုယ်က Project အကြီးကြီးတစ်ခု ရနိုင်မယ့်

Customer ကြီးနဲ့ ဆုံခွင့်ရပြီ ဆိုပါစို့။

ဒါပေမဲ့ ကိုယ့်ဘက်က Product က မစုံလင်၊

Service က အားနည်း၊ Team ကလည်း

အဆင်သင့်မရှိသေးရင် အဲဒီ Customer က

ကိုယ့်ရှေ့တင် တခြားလူဆီ ပြောင်းသွားလိမ့်မယ်။

နောက်ဆုံးတော့ အခွင့်အရေးက ကိုယ့်တံခါးကို

လာခေါက်ပြီးမှ ဘာမှလုပ်မရဘဲ ပြန်ထွက်သွားတာပဲ။

ကျွန်တော် ယုံကြည်ထားတာ တစ်ခုရှိတယ်။

ကံကောင်းတဲ့သူ ဆိုတာ

အခွင့်အရေး ရောက်လာတဲ့နေ့မှာ

ငါ အဆင်သင့်ဖြစ်နေပြီ လို့ ယုံကြည်ချက်ရှိရှိ

ပြောနိုင်တဲ့သူပဲ။

အခွင့်အရေးကို ထိုင်မစောင့်ပါနဲ့။

အခွင့်အရေး ရောက်လာမယ့်နေ့အတွက်

ဒီနေ့ကတည်းက ကိုယ့်ကိုယ်ကို

အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါ။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!