မနက်ဖြန်မှ စမယ်ဆိုတာ

မနက်ဖြန်မှ စမယ်ဆိုတာ

Founder Diary – Lesson #006

လွန်ခဲ့တဲ့ တစ်နှစ်လောက်က

မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တယ်။

သူ့မှာ ကောင်းမွန်တဲ့ Business Idea တစ်ခုရှိတယ်။

သူ့ Product တွေကို

Online ကနေ ရောင်းချင်တယ်လို့

စိတ်အားထက်သန်စွာ ပြောပြတယ်။

ဒါပေမယ့်

အခုတော့ မစသေးဘူး အစ်ကို။ အချိန်နည်းနည်း

စောင့်ပြီး နောက်လမှ စမယ်။

လအနည်းငယ်ကြာတော့ သူ့ကို ပြန်တွေ့ဖြစ်တယ်။

Business ကော စဖြစ်ပြီလား?

သူက အားနာသလို ပြုံးပြီး ပြန်ဖြေတယ်။

မအားသေးလို့ပါ အစ်ကိုရာ။

နည်းနည်း ထပ်ပြင်ဆင်လိုက်ဦးမယ်။

တစ်နှစ်ကျော် ကြာသွားတဲ့အထိ

သူ့ရဲ့ အကြံဉာဏ်က အကြံဉာဏ်အဆင့်မှာပဲ

ရှိနေတုန်းပဲ။

အဲဒီအချိန်မှာပဲ…

တခြားလူတစ်ယောက်ကတော့

Perfectly မဖြစ်သေးတဲ့ Product တစ်ခုနဲ့ပဲ

ဈေးကွက်ထဲကို တိုးဝင်ပြီး စလိုက်တယ်။

ပထမဆုံး Customer ဆီက Feedback ယူတယ်။

အမှားတွေကို ချက်ချင်းပြင်တယ်။

တဖြည်းဖြည်းနဲ့ အမြဲ တိုးတက်အောင် လုပ်တယ်။

ဒီနေ့မှာတော့

သူ့ရဲ့ Business က ဈေးကွက်ထဲမှာ နေရာတစ်ခုကို

ခိုင်ခိုင်မာမာ ရနေပြီ ဖြစ်ပါတယ်။

ကျွန်တော် သေချာ နားလည်လာတာတစ်ခုက

လူအများစု အလုပ်တစ်ခုကို မစနိုင်ကြတာဟာ

အရည်အချင်း မရှိလို့ မဟုတ်ပါဘူး။

Perfect ဖြစ်ချင်လွန်းလို့ ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့လောကမှာ

Perfect ဖြစ်ပြီးမှ စတင်ခဲ့တဲ့ Business ဆိုတာ

မရှိသလောက်ပါပဲ။

စတင်လိုက်ပြီးမှ တဖြည်းဖြည်း

ပိုပြီး Perfect ဖြစ်အောင် လုပ်ယူသွားကြတဲ့

Business တွေပဲ ရှိတာပါ။

ဥပမာ

ကလေးတစ်ယောက် လမ်းလျှောက်သင်တဲ့အခါ

လဲကျမှာ ကြောက်လို့ မတ်တတ်မရပ်ဘူးဆိုရင်

ဘယ်တော့မှ လမ်းလျှောက်တတ်လာမှာ မဟုတ်ဘူး။

Business လည်း အတူတူပါပဲ။

စတင်ပြီးမှ သင်ယူရမယ်။

သင်ယူပြီးမှ တိုးတက်ရမယ်။

Perfect ဖြစ်မယ့် အချိန်ကို ထိုင်စောင့်မနေပါနဲ့။

အရင်ဆုံး စလိုက်ပါ။ ပြီးမှ တဖြည်းဖြည်း

ပိုကောင်းအောင် ပြင်ဆင်သွားပါ။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!