Founder Diary – Lesson #008
ကျွန်တော့် Team ကို အမြဲပြောလေ့ရှိတဲ့
စကားတစ်ခွန်းရှိပါတယ်။
အလုပ်တွေ မအားတာမှန်ပေမယ့် လေ့လာဖို့တော့
အချိန်တစ်ခုပေးကြပါ။ ကိုယ့်အနာဂတ်အတွက်
အချိန်ကို ကိုယ်တိုင်ဖန်တီးရတာ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
ဝန်ထမ်းနှစ်ယောက်ကို အကြံတစ်ခုပေးခဲ့ဖူးတယ်။
အခုခေတ်မှာ Skill အသစ်တွေ သင်ထားဖို့
အရမ်းအရေးကြီးတယ်။ AI Tools ပဲဖြစ်ဖြစ်၊
English စာ ပဲဖြစ်ဖြစ်၊
ကိုယ့်အလုပ်ကို ပိုကောင်းစေမယ့်
အရာတစ်ခုခုကို နေ့တိုင်း နည်းနည်းစီ
လေ့လာကြည့်ပါ။
သူတို့နှစ်ယောက်ရဲ့ အဖြေက မတူခဲ့ဘူး။
ပထမတစ်ယောက်က
အခု အလုပ်တွေ များနေလို့ဆရာ။
နောက်မှ အေးဆေးသင်မယ်။
ဒုတိယတစ်ယောက်က
အလုပ်တော့များတယ် ဒါပေမယ့် ညဘက်
တစ်နာရီလောက်တော့ အချိန်ဖယ်ပြီး
စလုပ်ကြည့်မယ်ဆရာ။
တစ်နှစ်လောက်ကြာတော့
သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ကို မြင်လာရတယ်။
ဒုတိယတစ်ယောက်က အလုပ်ကို
ပိုမြန်မြန်လုပ်နိုင်လာတယ်။
တာဝန်အသစ်တွေကို ယုံယုံကြည်ကြည်
လက်ခံနိုင်လာတယ်။
ပြဿနာတွေကိုလည်း အရင်ကထက်
ပိုကောင်းကောင်း ဖြေရှင်းနိုင်လာတယ်။
အရေးကြီးတာက
သူ ပြောင်းလဲသွားတာ တစ်ရက်တည်းနဲ့ မဟုတ်ဘူး။
တစ်နေ့ တစ်နာရီဆိုတဲ့ အလေ့အကျင့်ကပဲ
တဖြည်းဖြည်း ပြောင်းလဲပေးသွားတာ။
ဒီအဖြစ်အပျက်ကနေ ကျွန်တော့်သိလိုက်ရတာ
လူတွေ မတိုးတက်တာ အချိန်မရှိလို့ မဟုတ်ဘူး။
ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်ဖို့ အချိန်မဖယ်ထားလို့ပဲ။
လူတိုင်းမှာ ၂၄ နာရီ အတူတူရှိတယ်။
ကွာခြားတာက
အဲဒီ ၂၄ နာရီထဲက ဘယ်လောက်ကို ကိုယ့်
အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံထားလဲ ဆိုတာပဲ။
တစ်နေ့ကို တစ်နာရီဆိုတာ နည်းတယ်လို့
ထင်ရပေမယ့်
တစ်နှစ်ဆိုရင် နာရီပေါင်း ၃၆၅ နာရီ ဖြစ်သွားတယ်။
အဲဒီအချိန်နဲ့
စာအုပ်တွေ ဖတ်နိုင်တယ်။
Skill အသစ်တစ်ခု သင်နိုင်တယ်။
ကိုယ့်အလုပ်ကို ပိုမြန်စေမယ့် နည်းလမ်းတွေ ရှာ
နိုင်တယ်။
အဲဒီအရာတွေက
တစ်နေ့ကျရင် ကိုယ့်ရဲ့ Career နဲ့ ဘဝကို
ပြန်အကျိုးပေးလာတယ်။
အလုပ်တွေ အားတဲ့နေ့ကို မစောင့်ပါနဲ့။
ကိုယ့်အနာဂတ်အတွက် အချိန်ကို ဒီနေ့ကစပြီး
ဖန်တီးလိုက်ပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
