Founder Diary – Lesson #015
Business Owner နှစ်ယောက် စကားပြောနေတာ
ကြားဖူးတယ်။
တစ်ယောက်က ဂုဏ်ယူတဲ့အသံနဲ့ ပြောတယ်။
ကျွန်တော်က မနက် ၇ နာရီကနေ ည ၁၁ နာရီအထိ
အလုပ်လုပ်တယ်။
နောက်တစ်ယောက်ကတော့ ပြုံးပြီး ပြန်ပြောတယ်။ကျွန်တော်ကတော့ တစ်နေ့ ၈ နာရီပဲ အလုပ်လုပ်တယ်။
ဒါပေမယ့် အရေးကြီးတဲ့ အလုပ်ကိုပဲ လုပ်တယ်။
အဲဒီအချိန်မှာ
ကျွန်တော် စဉ်းစားမိတာတစ်ခု ရှိတယ်။
အလုပ်များတာက အောင်မြင်မှုရဲ့
သက်သေမဟုတ်ဘူး။
ဥပမာ
လူနှစ်ယောက် သစ်ပင်ခုတ်နေတယ်။
ပထမတစ်ယောက်က
တစ်နေ့လုံး မနားတမ်း ခုတ်နေတယ်။
ဒုတိယတစ်ယောက်ကတော့
ခဏခဏ ရပ်ပြီး ပုဆိန်ကို သွေးနေတယ်။
ပထမတစ်ယောက်က တွေးတယ်။
ဒီလူက အလုပ်မလုပ်ဘဲ အချိန်ဖြုန်းနေတာပဲ။
ဒါပေမယ့်
ညနေရောက်တော့ပုဆိန်သွေးထားတဲ့သူက
သစ်ပင် ပိုများများ ခုတ်ပြီးသား ဖြစ်နေတယ်။
ဘဝမှာလည်း ဒီလိုပဲ။
အလုပ်လုပ်နေတာထက်
ကိုယ့်အရည်အချင်းကို မြှင့်တင်ဖို့ အချိန်ပေးတာ
System တည်ဆောက်တာ
နည်းလမ်းကောင်းကို ရှာတာ
ဒါတွေက ရေရှည်မှာ ပိုကြီးတဲ့ ရလဒ်ကို ပေးတယ်။
ကိုယ့်ကိုယ်ကို မေးကြည့်ပါ။
ငါက အလုပ်များနေတာလား? ဒါမှမဟုတ်
ရလဒ်ဖန်တီးနေတာလား?
ဒီမေးခွန်းရဲ့ အဖြေက
ကိုယ့်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်ပါတယ်။
အလုပ်များတာကို ဂုဏ်မယူပါနဲ့။
ရလဒ်ဖန်တီးနိုင်တာကိုပဲ ဂုဏ်ယူပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
