Founder Diary – Lesson #017
Business စလုပ်တုန်းက Customer တစ်ယောက်မှ
မဆုံးရှုံးချင်ခဲ့ဘူး။
ဈေးလျှော့ပေးတယ်။
အချိန်မရလည်း အလုပ်လက်ခံတယ်။
အားနာလို့ မလုပ်ပေးနိုင်ဘူး လို့ မငြင်းရဲခဲ့ဘူး။
ဒါပေမဲ့ အားလုံးကို လိုက်ကျေနပ်အောင် လုပ်ရင်း
နောက်ဆက်တွဲ ရလဒ်ကတော့
လုပ်ငန်းမှာ အမှားတွေ ဖြစ်လာတယ်၊
Customer က မကျေနပ်ဘူး၊
ကိုယ်တိုင်လည်း ပင်ပန်းပြီး ဝန်ဆောင်မှု
အရည်အသွေးတွေ ကျလာခဲ့တယ်။
တစ်နေ့တော့ Customer တစ်ယောက်က
ကျွန်တော့်ကို စကားတစ်ခွန်း ပြောခဲ့တယ်။
အစ်ကို လူတိုင်းကို ကျေနပ်အောင်
လိုက်လုပ်ပေးဖို့ မလိုပါဘူး။
ကိုယ့်ကို ယုံကြည်လို့
အလုပ်အပ်တဲ့သူတွေကိုပဲ အကောင်းဆုံး
လုပ်ပေးရင် ရပါပြီ။
အဲဒီစကားတစ်ခွန်းက ကျွန်တော့်ရဲ့
အလုပ်လုပ်ပုံကို လုံးဝ ပြောင်းလဲသွားစေခဲ့တယ်။
ဆရာဝန်တစ်ယောက်ကိုပဲ စဉ်းစားကြည့်ပါ။
တစ်နေ့ကို လူနာအများကြီးကို
မြန်မြန် ကြည့်ပေးတာထက်၊ အရေအတွက်
ကန့်သတ်ပြီး သေသေချာချာ အာရုံစိုက်
ကြည့်ပေးတာက ပိုထိရောက်ပါတယ်။
Business မှာလည်း အတူတူပါပဲ။
Customer အများကြီး ရှိတာထက် ကိုယ့်ကို
ယုံကြည်ပြီး ထပ်ခါထပ်ခါ ပြန်လာတဲ့
Customer တွေ ရှိတာက ပိုတန်ဖိုးရှိပါတယ်။
အဲဒီနေ့ကစပြီး လူတိုင်းကို လိုက်ကျေနပ်အောင်
မလုပ်တော့ဘူး။ ကိုယ့်ကို အမှန်တကယ်
ယုံကြည်တဲ့သူတွေ စိတ်မပျက်ရအောင်ပဲ
အာရုံစိုက်တော့တယ်။
လူတိုင်းရဲ့ လက်ခုပ်သံကို လိုက်မရှာပါနဲ့။
ကိုယ့်ကို ယုံကြည်တဲ့သူတွေအတွက်ပဲ
တန်ဖိုးရှိတဲ့ အလုပ်ကို အကောင်းဆုံးဆက်လုပ်ပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
