Founder Diary – Lesson #019
အရင်က
စိတ်ထားကောင်းရင် အကုန်သင်ပေးလို့ရတယ်
လို့ ယုံကြည်ခဲ့တယ်။
ဒါကြောင့် အတွေ့အကြုံ၊ကျွမ်းကျင်မှုထက်
စိတ်ထားကိုပဲ ပိုရွေးခဲ့တယ်။
ဒါပေမယ့်
တကယ်လက်တွေ့မှာတော့
စိတ်ထားကောင်းပေမယ့်
သင်ယူလိုစိတ်မရှိတဲ့သူလည်း ရှိတယ်။
တိုးတက်ဖို့ မကြိုးစားတဲ့သူလည်း ရှိတယ်။
စိတ်ထားကောင်းပေမယ့်
တိုးတက်ချင်စိတ် (Growth Mindset) မရှိရင်
ဘယ်လောက်သင်ပေးသင်ပေး
တိုးတက်မလာနိုင်ဘူး။
အခုနောက်ပိုင်း
အလုပ်အတွက် လူရွေးတဲ့အခါ
Skill တစ်ခုတည်းကို မကြည့်ဘူး။
Attitude တစ်ခုတည်းလည်း မကြည့်ဘူး။
အများဆုံးကြည့်ဖြစ်တာက ဒီလူက
တိုးတက်ချင်စိတ် ကြိုးစားချင်စိတ်ရှိလား?
ဆိုတာပါ။
စိတ်ထားကောင်းတာက အရေးကြီးတယ်။
ဒါပေမယ့် စိတ်ထားလည်းကောင်းတဲ့အပြင်
သင်ယူချင်စိတ်နဲ့ တိုးတက်ချင်စိတ် ရှိတဲ့သူက
ပိုတန်ဖိုးရှိတယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
