Founder Diary – Lesson #021
Laptop ဆိုင် စဖွင့်ခါစတုန်းက
Customer တော်တော်များများ မေးလေ့ရှိတဲ့
မေးခွန်းတစ်ခု ရှိတယ်။
ဟိုဆိုင်က ဒီထက် ဈေးသက်သာတယ်။
မလျှော့ပေးဘူးလား?”
အဲဒီအချိန်တုန်းက
Customer လက်မလွတ်ချင်တဲ့စိတ်နဲ့
ဈေးလျှော့ပေးခဲ့ဖူးတယ်။
တစ်ခါ
နှစ်ခါ
အဲဒီလိုနဲ့ ရောင်းရတော့လည်း ရောင်းရတယ်။
ဒါပေမယ့်
အမြတ်က နည်းလာတယ်။
ပြီးတော့
Customer တချို့က နောက်တစ်ခါလာရင်
အရင်တုန်းက ဒီဈေးပေးခဲ့တာလေ။
လို့ ပြန်ပြောလာကြတယ်။
အဲဒီအချိန်မှာ
ကျွန်တော် သဘောပေါက်လိုက်တာတစ်ခု ရှိတယ်။
ဈေးလျှော့ရောင်းပြီးမှ ရလာတဲ့ Customer က
နောက်တစ်ယောက် ဈေးပိုသက်သာရင်
အဲဒီကို ပြောင်းသွားနိုင်တယ်။
အဲဒီနေ့ကစပြီး
ကျွန်တော် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ်။
ဈေးလျှော့တာထက်
ယုံကြည်မှုကို ရောင်းမယ်။
Laptop တစ်လုံးမရောင်းခင်
အခြေအနေကို သေချာစစ်ပေးတယ်။
လိုအပ်တာတွေ Setup လုပ်ပေးတယ်။
ဝယ်ပြီးရင်လည်း
မသိတာရှိရင် ဆက်မေးလို့ရအောင် ကူညီပေးတယ်။
အာမခံ အပြည့်အဝပေးတယ်။
Customer ကို
Laptop တစ်လုံးပဲ မပေးခဲ့ဘူး။
စိတ်ချရတဲ့ ဝန်ဆောင်မှုကိုပါ ပေးခဲ့တယ်။
အချိန်ကြာလာတော့
Customer တချို့က
ဈေးမမေးတော့ဘူး။
သူ့ဆီကဆို စိတ်ချရတယ်။
ဆိုတဲ့ စကားကို ပိုကြားလာရတယ်။
အဲဒီစကားက
ဈေးလျှော့ရောင်းခဲ့တဲ့ အမြတ်ထက် ပိုတန်ဖိုးရှိတယ်။
ဈေးနှုန်းနဲ့ ယှဉ်ပြိုင်ရင် အဆုံးမရှိဘူး။
ယုံကြည်မှုနဲ့ ယှဉ်ပြိုင်နိုင်ရင် Customer က
ကိုယ့်ကို ပြန်ရွေးချယ်လာလိမ့်မယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
