Founder Diary – Lesson #025
စီးပွါးရေးစလုပ်တော့
Bank Account ထဲကို ငွေများများဝင်လာတိုင်း
ကျွန်တော် တွေးဖူးတာရှိတယ်။
ဒီလတော့ ငွေဝင်ကောင်းတယ်ပေါ့
ဒါပေမယ့်
တစ်လမကုန်ခင်
ငွေက မရှိတော့ဘူး။
နောက်ပိုင်း
စာရင်းတွေကို သေချာပြန်ကြည့်တော့
Bank Account ထဲက ငွေအားလုံးက
ကျွန်တော့်ငွေ မဟုတ်ဘူးဆိုတာ သိလာတယ်။
အဲဒီထဲမှာ
ဝန်ထမ်းလစာ ပေးရမယ့်ငွေ ရှိတယ်။
Supplier ကို ရှင်းရမယ့်ငွေ ရှိတယ်။
အခွန်အတွက် ဖယ်ထားရမယ့်ငွေ ရှိတယ်။
ရုံးလည်ပတ်ဖို့ အသုံးစရိတ်လည်း ရှိတယ်။
တကယ်တော့
ကျွန်တော်က ကိုယ့်ငွေ နဲ့ လုပ်ငန်းရဲ့ငွေ ကို
မခွဲတတ်သေးတာပါ။
အဲဒီနေ့ကစပြီး
ပိုက်ဆံဝင်လာတိုင်း
ဘယ်လောက်ဝင်လဲ ?
ဆိုတာထက်
ဒီငွေက ဘာအတွက်လဲ
ဆိုတာကို အရင်စဉ်းစားလာတယ်။
အဲဒီအလေ့အကျင့်လေးက
ကျွန်တော့်ရဲ့ Financial Discipline ကို
တဖြည်းဖြည်း ပြောင်းလဲသွားစေတယ်။
Bank Account ထဲက ငွေတွေထဲမှာ
တကယ့်ကိုယ့်ငွေစစ်စစ် ဘယ်လောက်ရှိလဲ?
အဲဒီမေးခွန်းကို ရိုးရိုးသားသား ဖြေနိုင်တဲ့နေ့က
ဘဏ္ဍာရေးကို နားလည်တဲ့ Founder အဆင့်ကို
စတင်နေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။
ဝင်ငွေတစ်ခုချင်းစီရဲ့ တာဝန်ကို
နားလည်အောင် ကြိုးစားပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
