Founder Diary – Lesson #027
Business လုပ်ရတဲ့အခါ
တစ်လစာ ဝင်ငွေ ဘယ်လောက်ရမလဲဆိုတာကို
အတိအကျ မသိနိုင်ဘူး။
တချို့လတွေ ရောင်းအားကောင်းတယ်။
တချို့လတွေ ရောင်းအားကျတယ်။
ဒါပေမယ့်
အသုံးစရိတ်တွေကတော့
လတိုင်း ရှိနေတယ်။
အရင်တုန်းက
ငွေဝင်လာရင် သုံးတယ်။
ပြီးတော့
ကုန်သွားမှ နောက်လ ဘယ်လိုလုပ်မလဲ?
ဆိုပြီး စဉ်းစားတယ်။
အဲဒီလိုနဲ့
Business ကနေ ငွေရှာနေရတာထက်
Business အတွက် ငွေလိုက်ရှာနေရတဲ့
အခြေအနေ ဖြစ်လာတယ်။
နောက်ပိုင်းမှာတော့
ငွေမဝင်ခင်ကတည်းက
ဘယ်နေရာမှာ ဘယ်လောက်သုံးမလဲဆိုတာ
ကြိုစီစဉ်လာတယ်။
ဥပမာ
ဒီလ ဝင်ငွေ ၁၀၀ သိန်း ရမယ်လို့ ခန့်မှန်းထားရင်
ဝန်ထမ်းလစာ ဘယ်လောက်။
Operation ဘယ်လောက်။
Marketing ဘယ်လောက်။
Stock ထပ်ဖြည့်ဖို့ ဘယ်လောက်။
Emergency အတွက် ဘယ်လောက်။
ဆိုပြီး
ငွေဝင်လာမှ ဆုံးဖြတ်တာမဟုတ်တော့ဘူး။
ငွေမဝင်ခင်ကတည်းက ငွေရဲ့လမ်းကြောင်းကို ဆုံးဖြတ်ထားတယ်။
Budget ဆိုတာ…
ငွေကို မသုံးရဘူး လို့ ကိုယ့်ကိုယ်ကို
ကန့်သတ်တာ မဟုတ်ဘူး။
ဘယ်နေရာမှာ သုံးသင့်တယ်၊
ဘယ်နေရာမှာ မသုံးသင့်ဘူးဆိုတာ ကြိုသိထားတာ။
ဒါကြောင့်
ရောင်းကောင်းတဲ့လမှာလည်း
မလိုအပ်တာတွေ အလွန်အကျွံ မသုံးဖြစ်တော့ဘူး။
ရောင်းအားကျတဲ့လမှာလည်း
ဂရုတစိုက်စိစစ်လာတယ်။
ဘာလို့လဲဆိုတော့
ဘယ်လောက်အထိ သုံးလို့ရတယ်ဆိုတာ
ကြိုသိထားပြီးသားမို့။
Budget Plan ဆိုတာ
ငွေရှိတဲ့အချိန်မှာပါ မမှားအောင် ကြိုဆွဲထားရတာ။
Founder တစ်ယောက်ရဲ့
Financial Discipline ဆိုတာ
ငွေရှာနိုင်တာတင်မဟုတ်ဘူး။
ငွေမဝင်ခင်ကတည်းက ငွေကို
ဘယ်လိုအသုံးချမလဲဆိုတာပါ သိထားခြင်းပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
