အကြွေးယူတယ်ဆိုတာထက် အကြွေးကို ဘာအတွက်ယူလဲက ပိုအရေးကြီးတယ်။

အကြွေးယူတယ်ဆိုတာထက် အကြွေးကို ဘာအတွက်ယူလဲက ပိုအရေးကြီးတယ်။

Founder Diary – Lesson #028

Business လုပ်တဲ့အခါ

တစ်ချို့အချိန်တွေမှာ

ကိုယ့်မှာရှိတဲ့ ငွေနဲ့ မလုံလောက်တာတွေ ရှိတတ်တယ်။

အဲဒီအချိန်မှာ

အကြွေးယူဖို့ စဉ်းစားရတတ်တယ်။

ဒါပေမယ့်

အကြွေးတိုင်းက မကောင်းဘူး ပြောလို့မရသလို

အကြွေးတိုင်းကိုလည်း ကောင်းတယ်

ပြောလို့မရပြန်ဘူး။

ဥပမာ

သိန်း ၁၀၀ ချေးပြီး

အဲဒီငွေနဲ့ လုပ်ငန်းမှာ ရောင်းအားတိုးစေမယ့်

ပစ္စည်းတွေ ဝယ်တယ်။

အဲဒီပစ္စည်းတွေကနေ

အမြတ် ၂၀ သိန်း၊ ၃၀ သိန်း ပြန်ရလာနိုင်တယ်ဆိုရင်

အကြွေးက လုပ်ငန်းကို ကြီးထွားစေတဲ့

ငွေ ဖြစ်လာနိုင်တယ်။

ဒါပေမယ့်

သိန်း ၁၀၀ ချေးပြီး

အရင်အကြွေးကို ပြန်ဆပ်ဖို့၊ အတိုးပေးဖို့

နေ့စဉ်အသုံးစရိတ်ကို ဖုံးဖို့ပဲ သုံးနေတယ်ဆိုရင်

Business က ပိုကောင်းလာတာမဟုတ်ဘူး။

အကြွေးပေါ်အကြွေး ထပ်တင်နေတာ ဖြစ်နိုင်တယ်။

Founder တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို

မေးသင့်တဲ့မေးခွန်းက

ဒီအကြွေးက ငါ့လုပ်ငန်းရဲ့ ဝင်ငွေကို တိုးစေမလား?

ဆိုတာပါ။

ငွေလိုလို့ ချေးမယ် ဆိုတာထက်

ဒီငွေကို ဘယ်နေရာမှာသုံးပြီး ဘယ်လိုပြန်ဆပ်မလဲ?

ဆိုတာကို အရင်တွက်ရမယ်။

ကျွန်တော်မြင်တာက

အကြွေးက မီး လိုပဲ။

မှန်တဲ့နေရာမှာ သုံးရင်

အလုပ်ဖြစ်စေတယ်။

မထိန်းနိုင်ရင်

ကိုယ့်အိမ်ကိုယ် ပြန်လောင်နိုင်တယ်။

ဒါကြောင့်

အကြွေးယူမယ်ဆိုရင်

Amount ကိုပဲ မကြည့်ပါနဲ့။

Interest ဘယ်လောက်လဲ?

ဘယ်အချိန်ပြန်ဆပ်ရမလဲ?

ဒီငွေက ဘယ်လောက် အကျိုးအမြတ်ပြန်ရနိုင်မလဲ?

ရောင်းအားကျသွားရင် ပြန်ဆပ်နိုင်သေးလား?

ဆိုတာတွေကိုပါ တွက်ရမယ်။

အကြွေးတိုင်း မကောင်းတာမဟုတ်ပါဘူး။

ပြန်ဆပ်နိုင်မယ့် အရင်းအမြစ်မရှိဘဲ

အကြွေးတိုးနေတာကသာ အန္တရာယ်ရှိတာ။

ငွေချေးတာထက်

ချေးထားတဲ့ငွေကို ဘယ်လိုအသုံးချမလဲဆိုတာက

Founder ရဲ့ Financial Intelligence ကို

ပြသနေပါတယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!