Founder Diary – Lesson #035
Business တစ်ခုကို ကြည့်တဲ့အခါ
အရင်တုန်းက ကျွန်တော်လည်း
ဒီလုပ်ငန်းက တစ်လ ဘယ်လောက်မြတ်လဲ?
ဆိုတာကို အရင်ကြည့်တတ်တယ်။
အမြတ်များရင် Business ကောင်းတယ်လို့
ထင်ခဲ့တယ်။
ဒါပေမယ့်
လုပ်ငန်းတွေ ပိုလုပ်လာတဲ့အခါ
မေးခွန်းတစ်ခု ထပ်ပေါ်လာတယ်။
အမြတ်ဘယ်လောက်ရလဲဆိုတာထက်
ဒီအမြတ်ရဖို့ ငွေဘယ်လောက်ထည့်ထားရလဲ?
ဥပမာ
Business A မှာ
သိန်း ၁,၀၀၀ ထည့်ထားတယ်။
တစ်နှစ်အမြတ်
သိန်း ၁၀၀ ရတယ်။
Business B မှာတော့
သိန်း ၂၀၀ ပဲ ထည့်ထားတယ်။
တစ်နှစ်အမြတ်
သိန်း ၆၀ ရတယ်ဆိုပါစို့။
အမြတ်ပမာဏတစ်ခုတည်း ကြည့်ရင်
Business A က
သိန်း ၁၀၀ မြတ်လို့ ပိုကောင်းသလို ထင်ရတယ်။
ဒါပေမယ့်
ထည့်ထားတဲ့ငွေနဲ့ ပြန်ရတဲ့အမြတ်ကို
နှိုင်းယှဉ်ကြည့်ရင်
Business A = 10%
Business B = 30% ဖြစ်နေတယ်။
Business B က အမြတ်ငွေပမာဏ နည်းပေမယ့်
ထည့်ထားတဲ့ အရင်းအနှီးကို ပိုထိရောက်စွာ
အသုံးချနိုင်နေတာ ဖြစ်တယ်။
ဒါကို နားလည်လာတဲ့နောက်
ကျွန်တော် Business တစ်ခုကို
ကြည့်တဲ့ပုံစံ ပြောင်းသွားတယ်။
ဘယ်လောက်မြတ်လဲ?
တစ်ခုတည်း မကြည့်တော့ဘူး။
ဒီအမြတ်ရဖို့ ဘယ်လောက်ထည့်ထားရလဲ?
ဆိုတာပါ တွက်လာတယ်။
ဒီအတွေးကို အလွယ်ပြောရရင်
Return on Investment – ROI ပါ။
ဒါက Business မှာပဲ မဟုတ်ဘူး။
ဥပမာ
Marketing အတွက် သိန်း ၁၀ သုံးလိုက်တယ်။
အဲဒီ Campaign ကနေ
အမြတ် သိန်း ၂ ရလာတယ်။
နောက် Campaign တစ်ခုမှာ
သိန်း ၅ ပဲ သုံးလိုက်တယ်။
ဒါပေမယ့် အမြတ် သိန်း ၃ ရလာတယ်။
ပထမ Campaign က ပိုက်ဆံပိုသုံးထားတာကြောင့်
ပိုကောင်းတယ်လို့ ပြောလို့မရတော့ဘူး။
သုံးလိုက်တဲ့ Resource နဲ့ ပြန်ရတဲ့ Result ကို
နှိုင်းယှဉ်ရတယ်။
ပိုက်ဆံတင်မဟုတ်ဘူး။
Founder တစ်ယောက်ရဲ့
အချိန်၊
လူအင်အား၊
စွမ်းအင်၊
Management Attention တွေကလည်း
အကန့်အသတ်ရှိတယ်။
တစ်လကို သိန်း ၂၀ မြတ်ပေမယ့်
Founder ကိုယ်တိုင် နေ့တိုင်းလိုလို
ဝင်ဖြေရှင်းနေရတဲ့ Business နဲ့
တစ်လ သိန်း ၁၅ မြတ်ပေမယ့်
System နဲ့ လည်ပတ်နိုင်တဲ့ Business ဟာ
အမြတ်နံပါတ်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရတော့ဘူး။
ဒါကြောင့် နောက်ပိုင်းမှာ
Business Opportunity အသစ်တစ်ခု တွေ့တိုင်း
အမြတ်ရနိုင်လား?
ဆိုတာတစ်ခုတည်း မမေးတော့ဘူး။
ဘယ်လောက်ထည့်ရမလဲ?
ဘယ်လောက်ပြန်ရနိုင်လဲ?
ဘယ်လောက်ကြာမလဲ?
အချိန်နဲ့ လူအင်အား ဘယ်လောက်သုံးရမလဲ?
ဆိုတာတွေပါ ထည့်စဉ်းစားလာတယ်။
အမြတ်များတဲ့ Business က
အမြဲတမ်း အကောင်းဆုံး Business မဟုတ်ဘူး။
ထည့်ထားတဲ့ အရင်းအနှီးနဲ့ Resource တွေကို ဘယ်လောက်ထိရောက်စွာ
ပြန်အလုပ်လုပ်ခိုင်းနိုင်လဲဆိုတာလည်း ကြည့်ရတယ်။
Founder တစ်ယောက်အတွက်
ငွေရှာနိုင်ခြင်းက Skill တစ်ခုဆိုရင်
ငွေကို ဘယ်နေရာမှာ ထားရင် အကျိုးအများဆုံးရမလဲ ဆုံးဖြတ်နိုင်ခြင်းက နောက်ထပ် Skill တစ်ခုပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
