Founder Diary – Lesson #038
Business လုပ်လာတဲ့အခါ
လူအများစုက Growth ကိုပဲ ကြည့်တတ်ကြတယ်။
ရောင်းအားဘယ်လောက်တက်လဲ?
ဆိုင်ခွဲဘယ်နှခုဖြစ်လာလဲ?
ဝန်ထမ်းဘယ်လောက်များလာလဲ?
တစ်နှစ်နဲ့တစ်နှစ် ဘယ်လောက်တိုးတက်လာလဲ?
ကျွန်တော်လည်း အရင်က ဒီလိုပဲ ကြည့်ခဲ့တယ်။
ဒါပေမယ့်
ကိုယ်မမျှော်လင့်ထားတဲ့ အခြေအနေတွေ
ကြုံလာတဲ့အခါ
နောက်ထပ်မေးခွန်းတစ်ခုရဲ့ အရေးကြီးမှုကို
သိလာတယ်။
မနက်ဖြန်ကစပြီး ဝင်ငွေမဝင်တော့ဘူးဆိုရင်
ဒီ Business က ဘယ်နှလ ဆက်ရပ်တည်နိုင်မလဲ?
ဥပမာ
Business တစ်ခုရဲ့ လစဉ် မဖြစ်မနေကုန်ကျစရိတ်က
သိန်း ၅၀ ရှိတယ်ဆိုပါစို့။
ဝန်ထမ်းလစာ၊
ရုံးခန်းငှားခ၊
မီး၊ ရေ၊ Internet၊
Software၊
အခြားမဖြစ်မနေ ပေးရမယ့်စရိတ်တွေ
အားလုံးပေါင်းပြီးပေါ့။
လုပ်ငန်းမှာ လက်ငင်းသုံးနိုင်တဲ့ Reserve Cash
သိန်း ၃၀၀ ရှိတယ်ဆိုရင်
ဝင်ငွေ လုံးဝမရှိတော့တဲ့
အဆိုးဆုံးအခြေအနေမှာတောင်
အကြမ်းဖျင်း ၆ လ လောက် အချိန်ရသေးတယ်။
ဒီ ၆ လက
ပိုက်ဆံသက်သက် မဟုတ်ဘူး။
ဆုံးဖြတ်ချက်ချဖို့ ရတဲ့အချိန်ပါ။
ရောင်းအားကျသွားရင်
Marketing Strategy ပြောင်းဖို့ အချိန်ရတယ်။
မလိုအပ်တဲ့ Cost တွေ ဖြတ်ဖို့ အချိန်ရတယ်။
Product အသစ်စမ်းဖို့ အချိန်ရတယ်။
Business Model ပြင်ဖို့ အချိန်ရတယ်။
Worst Case မှာ
လုပ်ငန်းကို အစီအစဉ်တကျ ပြန်ချုံ့ဖို့တောင်
အချိန်ရတယ်။
ဒါပေမယ့်
Reserve Cash လုံးဝမရှိဘူးဆိုရင်
ပြဿနာတစ်ခုတက်တာနဲ့
ဆုံးဖြတ်ချက်တွေကို အလျင်လိုပြီး ချရတော့တယ်။
တစ်ခါတလေ
မကောင်းတဲ့ Business Decision တွေဟာ
Founder က မတော်လို့ ချမိတာမဟုတ်ဘူး။
အချိန်မရှိတော့လို့ ချမိတာ။
Supplier က ငွေတောင်းနေပြီ။
ဝန်ထမ်းလစာ ပေးရတော့မယ်။
Rent ရှင်းရတော့မယ်။
Bank ထဲမှာ Cash က မရှိတော့ဘူး။
အဲဒီအချိန်မှာ
ကောင်းကောင်းစဉ်းစားပြီး ဆုံးဖြတ်နိုင်ဖို့ထက်
အခုချက်ချင်း ဘယ်လိုရှင်းရမလဲ ဆိုတာပဲ
စဉ်းစားရတော့တယ်။
ဒါကြောင့် နောက်ပိုင်းမှာ
Cash Reserve ကို
အသုံးမချရသေးတဲ့ ပိုက်ဆံ လို့ မမြင်တော့ဘူး။
Business ကို အချိန်ဝယ်ပေးထားတဲ့ ပိုက်ဆံ လို့ မြင်လာတယ်။
Reserve ထားတာက Return မရဘူးလို့
ထင်ရနိုင်တယ်။
ဒါပေမယ့်
အခက်အခဲတစ်ခု ရောက်လာတဲ့အချိန်မှာ
အဲဒီ Cash က Founder ကို
မလောဘဲ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး ပေးတယ်။
အခုဆို
Business တစ်ခုကို ကြည့်တဲ့အခါ
ဘယ်လောက်မြတ်လဲ?
တစ်ခုတည်း မကြည့်တော့ဘူး။
ဘာဝင်ငွေမှမဝင်ရင် ဘယ်နှလခံနိုင်လဲ?
ဆိုတာကိုပါ ကြည့်ဖြစ်လာတယ်။
အဲဒီအချိန်ကာလကို Finance မှာ
Runway လို့ ခေါ်တယ်။
Business ရဲ့ Strength ကို Growth နဲ့ပဲ မတိုင်းပါနဲ့။
မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုရောက်လာရင်
ဘယ်လောက်ကြာကြာ ဆက်ရပ်တည်နိုင်လဲဆိုတာနဲ့
လည်း တိုင်းပါ။
တစ်ခါတလေ
Cash Reserve ရဲ့ အကောင်းဆုံး Return က
အမြတ်မဟုတ်ဘူး။
Founder ကို အလျင်စလို မဆုံးဖြတ်ရအောင်
အချိန်ဝယ်ပေးနိုင်ခြင်းပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
