Founder တစ်ယောက်ရဲ့ အရှားပါးဆုံး Resource က ပိုက်ဆံမဟုတ်ဘူး။ Attention ပါ။

Founder တစ်ယောက်ရဲ့ အရှားပါးဆုံး Resource က ပိုက်ဆံမဟုတ်ဘူး။ Attention ပါ။

Founder Diary – Lesson #044

Business စလုပ်ခါစတုန်းက

Opportunity တစ်ခုတွေ့ရင်

စမ်းကြည့်ချင်တယ်။

ဒီ Product လည်း ရောင်းလို့ရမယ်။

ဒီ Service လည်း လုပ်လို့ရမယ်။

ဒီ Project လည်း ယူလို့ရမယ်။

ဒီ Business လည်း စလို့ရမယ်။

အစပိုင်းမှာတော့

အခွင့်အရေးတွေ များလာတာကို Growth လို့

မြင်ခဲ့ဖူးတယ်။

တကယ်လည်း Opportunity အသစ်တွေက

Business ကို ကြီးလာစေနိုင်ပါတယ်။

ဒါပေမယ့်

တစ်ချိန်ရောက်တော့ ပြဿနာတစ်ခု တွေ့လာတယ်။

လုပ်စရာတွေ များလာတာနဲ့

တကယ်အရေးကြီးတဲ့အရာတွေအတွက်

အာရုံစိုက်နိုင်မှု နည်းလာတယ်။

ဥပမာ

မနက်မှာ Business A ရဲ့ပြဿနာ ဖြေရှင်းတယ်။

နေ့လယ်မှာ Business B ရဲ့ Marketing ကြည့်တယ်။

ညနေ Business C ရဲ့ Meeting ဝင်တယ်။

ညကျတော့ Project အသစ်တစ်ခုအကြောင်း

စဉ်းစားတယ်။

ကြည့်လိုက်ရင် တစ်နေ့လုံး အလုပ်လုပ်နေတယ်။

အရမ်းလည်း Busy ဖြစ်နေတယ်။

ဒါပေမယ့်

တစ်နေ့တာကုန်သွားတဲ့အချိန်မှာ

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ရင်

ဒီနေ့ Business ကို တိုးတက်စေမယ့်အရာကို

ငါတကယ်လုပ်ခဲ့လား?

ဆိုတာ မသေချာတော့ဘူး။

အလုပ်များနေတာနဲ့ အရေးကြီးတဲ့အလုပ်

လုပ်နေတာ မတူဘူး။

Founder တစ်ယောက်မှာ

ငွေကုန်သွားရင် ပြန်ရှာလို့ရတယ်။

လူမလောက်ရင် ထပ်ခန့်လို့ရတယ်။

Equipment မရှိရင် ဝယ်လို့ရတယ်။

ဒါပေမယ့်

တစ်နေ့ကို ၂၄ နာရီထက် ပိုဝယ်လို့မရဘူး။

ကိုယ့်ရဲ့ Attention ကိုလည်း

Business ၁၀ ခုဆီ တစ်ပြိုင်နက် အပြည့်အဝ

ပေးလို့မရဘူး။

ဒါကြောင့် နောက်ပိုင်းမှာ

Opportunity အသစ်တစ်ခုလာတိုင်း

ဒါလုပ်လို့ရလား?

ဆိုတာတစ်ခုတည်း မမေးတော့ဘူး။

ဒါလုပ်လိုက်ရင် လက်ရှိဘယ်အရာဆီက

Attention ကို ယူသွားမလဲ?

ဆိုတာပါ မေးဖြစ်လာတယ်။

ဒီမေးခွန်းက တော်တော်အရေးကြီးတယ်။

ဘာကြောင့်လဲဆိုတော့

Opportunity အသစ်တိုင်းမှာ

မြင်ရတဲ့ Cost ရှိသလို

မမြင်ရတဲ့ Cost လည်း ရှိတယ်။

အသစ်တစ်ခုအတွက် တစ်နေ့ ၂ နာရီပေးလိုက်ရင်

ရှိပြီးသား Business ကို တိုးတက်အောင်လုပ်ဖို့

၂ နာရီလျော့သွားတယ်။

Meeting တစ်ခုကို Yes ပြောလိုက်ရင်

တခြားအရေးကြီးတဲ့အလုပ်တစ်ခုကို

No ပြောလိုက်တာနဲ့ အတူတူပဲ။

တစ်ခါတလေ

Business ကို နောက်တစ်ဆင့်တက်စေတာက

အသစ်တစ်ခု ထပ်စတာ မဟုတ်ဘူး။

မလိုအပ်တော့တဲ့အရာတစ်ခုကို

ရပ်လိုက်တာ ဖြစ်နိုင်တယ်။

Product တစ်ခု ဖြုတ်လိုက်တာ။

Project တစ်ခု မယူတော့တာ။

Meeting တစ်ခု မတက်တော့တာ။

ကိုယ်မလုပ်သင့်တော့တဲ့အလုပ်ကို

တခြားသူဆီ လွှဲလိုက်တာ။

ဒါတွေက အပြင်ကကြည့်ရင်

Growth လို့ မမြင်ရဘူး။

ဒါပေမယ့်

ကိုယ့်ရဲ့ အရေးကြီးဆုံး Resource ဖြစ်တဲ့

Attention ကို ပြန်ရလာစေတယ်။

နောက်ပိုင်းမှာ ကျွန်တော် ပိုနားလည်လာတာက

Founder တစ်ယောက်ရဲ့အလုပ်ဟာ

Opportunity အားလုံးကို လိုက်ဖမ်းဖို့ မဟုတ်ဘူး။

Opportunity အများကြီးထဲက

ဘယ်အရာကို မလုပ်သင့်ဘူးဆိုတာ ရွေးတတ်ဖို့ပါ။

အရာ ၁၀ ခုကို အနည်းငယ်စီ

ကောင်းအောင်လုပ်တာထက်

အရေးကြီးတဲ့ အရာ ၂ ခု၊ ၃ ခုကို

တကယ်ကောင်းအောင်လုပ်နိုင်တာက

ပိုတန်ဖိုးရှိတတ်တယ်။

Founder တစ်ယောက်ရဲ့ အရှားပါးဆုံး Resource က

Capital တစ်ခုတည်း မဟုတ်ပါဘူး။

ကိုယ့်ရဲ့ Time နဲ့ Attention ပါ။

Business ကြီးလာလေလေ

ဘာထပ်လုပ်မလဲဆိုတာထက်

ဘာကို မလုပ်တော့ဘူးလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့

ပိုအရေးကြီးလာတယ်။

ဘာကြောင့်လဲဆိုတော့

အောင်မြင်တဲ့ Strategy ဆိုတာ လုပ်သင့်တာတွေကို ရွေးနိုင်ခြင်းတင်မဟုတ်ဘူး။

မလုပ်သင့်တာတွေကို ရဲရဲတင်းတင်း

ဖြုတ်ချနိုင်ခြင်းလည်း ဖြစ်ပါတယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!