Founder Diary – Lesson #049
Business စလုပ်ခါစတုန်းက
အောင်မြင်မှုဆိုတာကို
ရောင်းအား ဘယ်လောက်ရလဲ?
အမြတ်ဘယ်လောက်ရလဲ?
ဆိုင်ဘယ်နှဆိုင်ရှိလဲ?
ဝန်ထမ်းဘယ်နှယောက်ရှိလဲ?
Company ဘယ်လောက်ကြီးလာလဲ?
ဒါတွေနဲ့ ပဲ တိုင်းတာမိခဲ့တယ်။
ဒီနံပါတ်တွေ တိုးတက်လာရင်
အောင်မြင်လာပြီ လို့ ထင်ခဲ့တယ်။
ဒါပေမယ့်
အချိန်ကြာလာတော့
မေးခွန်းတစ်ခု ပေါ်လာတယ်။
Business ကြီးလာတာနဲ့ ကိုယ့်ဘဝကလည်း
ပိုကောင်းလာရဲ့လား?
တစ်ခါတလေ
Revenue တက်လလာတယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ပိုင်အချိန်က ပိုနည်းလာတယ်။
ဝန်ထမ်းများလာတယ်။
ဒါပေမယ့် ကိုယ့်ခေါင်းပေါ်က Problem
ပိုများလာတယ်။
Business အသစ်တွေ ထပ်တိုးလာတယ်။
ဒါပေမယ့် ကိုယ်အရေးထားတဲ့ အရာတွေအတွက်
အချိန်မကျန်တော့ဘူး။
အဲဒီအခါ
နံပါတ်တွေကြည့်ရင်တော့ Growth ဖြစ်နေတယ်။
ဒါပေမယ့်
ကိုယ်တည်ဆောက်ချင်ခဲ့တဲ့ဘဝနဲ့
ပိုဝေးလာတယ်။
အဲဒီအချိန်မှာ ကျွန်တော် နားလည်လာတာက
Success ဆိုတာ
တစ်ခုတည်းသော Number မဟုတ်ဘူး။
ပိုက်ဆံက အရေးကြီးတယ်။
ဒါကို မငြင်းဘူး။
Business က အမြတ်မရှိရင်
ရေရှည်မရပ်တည်နိုင်ဘူး။
ဒါပေမယ့်
ပိုက်ဆံရဖို့အတွက်
ကိုယ့်အချိန်အားလုံး ပေးနေရတယ်ဆိုရင်
တစ်ခုခုတော့ ပြန်စဉ်းစားဖို့လိုလာတယ်။
နောက်ပိုင်းမှာ
ကိုယ့်အတွက် Success ကို
မေးခွန်းတချို့နဲ့ ပြန်တိုင်းလာတယ်။
Business က ကိုယ်မရှိလည်း လည်ပတ်နိုင်ပြီလား?
ကိုယ်လုပ်ချင်တဲ့အရာတွေအတွက် အချိန်ရှိသေးလား?
ကိုယ်နဲ့အတူလုပ်တဲ့လူတွေ တိုးတက်လာကြလား?
ပိုက်ဆံရှိလာသလို စိတ်ဖိအားလည်း နည်းလာသလား?
ကိုယ်လုပ်နေတဲ့အရာကို ကိုယ်တကယ်
ဆက်လုပ်ချင်သေးလား?
ဒီမေးခွန်းတွေရဲ့အဖြေက
Revenue Number တစ်ခုထက်
ကိုယ့်ဘဝအကြောင်း ပိုပြောပြတတ်တယ်။
တစ်ခါတလေ…
Business ကို သိန်း ၁၀၀ ပိုမြတ်အောင်လုပ်ဖို့ထက်
ကိုယ်ပိုင်အချိန် တစ်နေ့ ၃ နာရီ ပြန်ရလာတာက
ပိုတန်ဖိုးရှိနိုင်တယ်။
ဆိုင်ခွဲတစ်ခု ထပ်ဖွင့်တာထက်
ရှိပြီးသားဆိုင်က ကိုယ်မရှိလည်း
လည်ပတ်နိုင်လာတာက
ပိုကောင်းတဲ့ Growth ဖြစ်နိုင်တယ်။
လူအများကြီးကိုယ့်ကို သိလာတာထက်
ကိုယ်နဲ့အလုပ်လုပ်ဖူးတဲ့လူတွေက
ယုံကြည်နေဆဲဖြစ်တာက ပိုတန်ဖိုးရှိနိုင်တယ်။
အဲဒီအချိန်ကစပြီး
ကျွန်တော် အောင်မြင်မှုကို
ပိုများလာတာ နဲ့ပဲ မတိုင်းတော့ဘူး။
တစ်ချို့အရာတွေမှာ
ပိုလွတ်လပ်လာသလား?
ပိုတည်ငြိမ်လာသလား?
ပိုရွေးချယ်နိုင်လာသလား?
ဆိုတာကိုပါ ကြည့်တယ်။
ဘာကြောင့်လဲဆိုတော့
Business ကို စတင်ခဲ့တာက
Business တစ်ခုရဲ့ ဝန်ထမ်းဖြစ်ဖို့ မဟုတ်ဘူး။
ကိုယ်လိုချင်တဲ့ဘဝကို တည်ဆောက်နိုင်ဖို့ပါ။
အောင်မြင်မှုဆိုတာ ဝင်ငွေများလာတာ
တစ်ခုတည်း မဟုတ်ဘူး။
ကိုယ့်အချိန်၊ ကိုယ့်ရွေးချယ်ခွင့်နဲ့ ကိုယ့်ဘဝကို
ပိုထိန်းချုပ်နိုင်လာခြင်းလည်း ပါတယ်။
နောက်ဆုံးမှာ
Business က ကိုယ့်ဘဝကို ပိုကောင်းစေဖို့
တည်ဆောက်တာပါ။
ကိုယ့်ဘဝတစ်ခုလုံးကို Business အတွက်
ပေးလိုက်ဖို့ မဟုတ်ဘူး။
Tayza Ko Ko
(Dragon & Delta Business Enterprise) by