ကျနော်ဘာလို့ သူများငွေနဲ့ အလုပ်လုပ်သလဲ?

ဥပမာ

လုပ်ငန်းအတွက်

သိန်းပေါင်း ၁၅၀၀ လိုတယ်ပဲထား။

ကိုယ်ပိုင်တဲ့ Asset တွေ ထုတ်ရောင်းပြီး

လုပ်ရင် မြတ်ရင်ပြဿနာမရှိဘူး။

ရှုံးရင်ကွဲမှာ။

Risk ပါ ထည့်တွက်ရတယ်။

ပုံထဲက ကား ၂စီးရောင်းရင်

သိန်း ၂၀၀၀ အသာလေးရမယ်။

ဒါပေမယ့် မရောင်းဘူး။

သိန်း ၁၅၀၀ Share ခေါ်လိုက်တယ်။

မြတ်ရင် 60% ကိုယ်ယူမယ်။

Investor ဘက်က 40% ယူ

ရှုံးရင် 50%စီ ခံ

အဲ့တော့ ရှုံးပါပြီပဲထား

သိန်း ၇၅၀ ပဲလျော်ရမှာ။

လျော်နိုင်လားဆို

ကား ၂စီး သိန်း ၂၀၀၀ ဖိုးရှိပြီးသား။

DE Ratio တော့ထိန်း

အဲ့တော့ ကိုယ့်ပိုက်ဆံနဲ့ဆို

သိန်း၁၅၀၀လုံး ပလုံပြီ။

ကဲ မြတ်ပြီပဲထား

ကား ၂စီးက မူရင်းအတိုင်းကျန်မယ်။

အိမ်ဂရံပေါင်ပြီး ဘဏ်ချေးငွေယူတာက

ပိုသက်သာမှန်းသိတယ်။

Risk ကိုကျ ဘဏ်က မျှခံမှာမဟုတ်ဘူး။

ဒါက ကျနော်လုပ်နေတဲ့

စီးပွါးရေးပုံစံတွေထဲက

တစ်ခုပါပဲ။

တစ်ခုတော့ရှိတယ်။

ကိုယ့်မှာ လျော်စရာတစ်ခုခုမရှိဘဲနဲ့တော့

မလုပ်နဲ့ပေါ့။

Tayza Ko Ko

(Dragon & Delta Business Enterprise)