ဒီခေတ်မှာ “အလုပ်တစ်ခုတည်းနဲ့
ဘဝကို အာမခံနိုင်မလား?” ဆိုတဲ့ မေးခွန်းက
လူတိုင်း စဉ်းစားသင့်တဲ့ အချက်ပါ။
လစာတစ်ခုတည်းအပေါ်မှာပဲ
ရာနှုန်းပြည့် မှီခိုနေရတဲ့အခါ
အလုပ်အကိုင် အခွင့်အလမ်း
အပြောင်းအလဲဖြစ်ရင်
စီးပွားရေး အခြေအနေ မကောင်းရင်
ကျန်းမာရေးကြောင့် အလုပ်မဆင်းနိုင်ရင်
ဝင်ငွေက ချက်ချင်းရပ်တန့်သွားနိုင်ပါတယ်။
ဒါကြောင့် “Multiple Income Streams”
(ဝင်ငွေလမ်းကြောင်းများစွာ ဖန်တီးထားခြင်း) က
သင့်ဘဝအတွက် အကောင်းဆုံး
Financial Insurance တစ်ခု ဖြစ်လာမှာပါ။
ဝင်ငွေလမ်းကြောင်းများ (Income Streams)
ဆိုတာ ဘာလဲ?
သင့်ရဲ့ အချိန်၊ ကျွမ်းကျင်မှု (Skill) နဲ့
အရင်းအနှီတွေကို အသုံးပြုပြီး နေရာမျိုးစုံကနေ
ဝင်ငွေစီးဝင်လာအောင် System တစ်ခု တည်ဆောက်ထားခြင်းပါ။
ဥပမာ
Active Income
ကိုယ်တိုင် အချိန်ပေး
လုပ်ကိုင်ရတဲ့ လစာဝင်ငွေ။
Online Business
Facebook/TikTok မှ
တစ်ဆင့် ရောင်းချခြင်း။
Investment
ခိုင်မာတဲ့ လုပ်ငန်းတွေမှာ
Stock ဝယ်ယူခြင်း သို့မဟုတ် Property များ။
Digital Products
ကိုယ့်ရဲ့ အသိပညာကို
သင်တန်း (Courses) သို့မဟုတ်
E-book အဖြစ် ပြောင်းလဲခြင်း။
Affiliate
သူများထုတ်ကုန်တွေကို
ကူရောင်းပေးပြီး Commission ရယူခြင်း။
လူအများစုက ဝင်ငွေတစ်ခုတည်းကိုပဲ
အာရုံစိုက်ပြီး “ငွေမလုံလောက်ခြင်း”
ပြဿနာကို ကြုံရတတ်ပါတယ်။
ဒါပေမယ့် စနစ်တကျ ပြင်ဆင်ထားသူတွေကတော့
တစ်နေရာက ဝင်ငွေရပ်သွားရင်တောင်
အခြားလမ်းကြောင်းတွေ ရှိနေသေးလို့
စိတ်အေးရပါတယ်။
ငွေကြေးအတွက် ပူပန်မှုနည်းပြီး
စိတ်ချမ်းသာရတယ်။
အခွင့်အလမ်းအသစ်တွေကို
ပိုမို မြင်တွေ့လာရတယ်။
ငွေကြေးလွတ်လပ်ခွင့်ဆီကို
ပိုမြန်မြန် ရောက်ရှိနိုင်ပါတယ်။
အရေးကြီးဆုံးက “စတင်ခြင်း” ပါပဲ
ရင်းနှီးမြှုပ်နှံဖို့ အရင်းအနှီး အများကြီး
မရှိသေးရင်တောင်
Skill တစ်ခုခုနဲ့ Freelance စလုပ်ကြည့်ပါ။
Content ဖန်တီးပြီး ကိုယ့်ရဲ့ Knowledge ကို
Value ပြောင်းပါ။
Social Media ကို အသုံးချပြီး
Market Test လုပ်ပါ။
နေ့တိုင်း နည်းနည်းစီ စိုက်ပျိုးသွားရင်
တစ်နေ့မှာ ခိုင်မာတဲ့ ဝင်ငွေစနစ်တစ်ခု ဖြစ်လာမှာပါ။
တကယ့်သူဌေးတွေဟာ အလုပ်ကို
ပိုလုပ်ရုံတင် မဟုတ်ပါဘူး။ “System (စနစ်)” ကို
တည်ဆောက်ကြတာပါ။
ဒီနေ့ကစပြီး သင့်ရဲ့ ကိုယ်ပိုင် ဝင်ငွေလမ်းကြောင်း
အသစ်တစ်ခုကို စတင် စဉ်းစားကြည့်ပါ။
နှစ်အနည်းငယ်အကြာမှာ သင့်ဘဝက
သိသိသာသာ ပြောင်းလဲသွားပါလိမ့်မယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)