Founder Diary – Lesson #050
#001 ကနေ #050 အထိ
ရေးခဲ့တဲ့အကြောင်းအရာတွေထဲမှာ
အောင်မြင်ခဲ့တာတွေလည်း ရှိတယ်။
မှားခဲ့တာတွေလည်း ရှိတယ်။
ဆုံးရှုံးခဲ့တာတွေ ရှိတယ်။
နောက်ကျမှ နားလည်ခဲ့တာတွေလည်း ရှိတယ်။
တချို့ Lesson တွေက
စာအုပ်ထဲက Theory မဟုတ်ဘူး။
တကယ်ကြုံပြီးမှ သိလာခဲ့တာတွေပါ။
ဒီ အပုဒ်၅၀ကို ပြန်ကြည့်ရင်
Business တည်ဆောက်ဖို့အကြောင်းပဲ မဟုတ်ဘူး။
ပိုက်ဆံကို ဘယ်လိုမြင်ရမလဲ?
လူတွေကို ဘယ်လိုရွေးရမလဲ?
ဘယ်အချိန်မှာ ဆက်သွားရမလဲ?
ဘယ်အချိန်မှာ ရပ်ရမလဲ?
ဘယ်အချိန်မှာ ကိုင်ထားရမလဲ?
ဘယ်အချိန်မှာ လွှတ်ချရမလဲ?
ဆိုတာတွေပါ ပါလာတယ်။
အရင်တုန်းက
Founder ဖြစ်တယ်ဆိုတာ
Company တစ်ခု တည်ထောင်နိုင်တာလို့ ထင်ခဲ့တယ်။
အခုတော့
အမြင်ပြောင်းသွားပြီ။
Founder ဖြစ်တယ်ဆိုတာ
ကိုယ်ရွေးတဲ့လမ်းရဲ့ Result ကို
ကိုယ်တိုင် လက်ခံနိုင်တာ။
မှားရင် ပြန်ပြင်နိုင်တာ။
အောင်မြင်ရင်လည်း အောင်မြင်မှုကို
မယစ်မူးဘဲဆက်သင်ယူနိုင်တာ။
မလိုတော့တာတွေကို လွှတ်ချနိုင်တာ။
နောက်ဆုံး
ကိုယ်လိုချင်တဲ့ဘဝကို ကိုယ်တိုင်
တည်ဆောက်ရဲတာ လို့ပဲ မြင်လာတယ်။
ဒီစာစဉ်ကို စရေးခဲ့တုန်းက
Lesson ၅၀ အထိ ရေးမယ်လို့ ရည်ရွယ်ခဲ့တယ်။
ဒီနေ့တော့
#050 ကို ရောက်လာပြီ။
ဒီနေရာမှာ Founder Diary ကို
တကယ်ပဲ အဆုံးသတ်လိုက်ပါတယ်။
နောက်ထပ် #051 မရှိတော့ဘူး။
နောက်ထပ် Lesson တေံ မဆက်တော့ဘူး။
ဘာကြောင့်လဲဆိုတော့
တချို့အရာတွေက ဆက်နေတာထက်
သင့်တော်မှန်ကန်တဲ့နေရာမှာ အဆုံးသတ်နိုင်တာက
ပိုသေသပ်ပါတယ်။
ဒီ အပုဒ် ၅၀ ထဲက
တစ်ပုဒ်ပဲဖြစ်ဖြစ်
တစ်ကြောင်းပဲဖြစ်ဖြစ်
တစ်ယောက်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို
အနည်းငယ်အထောက်အကူဖြစ်စေခဲ့ရင်
တစ်ခုခုကို ပြန်စဉ်းစားမိစေခဲ့ရင်
ကျွန်တော်အတွက်
ဒီစာစဉ်ရေးခဲ့တာ တန်ပါတယ်။
နောက်ဆုံးပြောချင်တာကတော့
Business တွေ ပြောင်းသွားနိုင်တယ်။
Company တွေ ပြောင်းသွားနိုင်တယ်။
လူတွေ ပြောင်းသွားနိုင်တယ်။
ကိုယ်ယုံကြည်ထားတဲ့အရာတွေတောင်
တစ်နေ့ ပြောင်းသွားနိုင်တယ်။
ဒါပေမယ့်
သင်ယူနေသရွေ့
ကိုယ်တိုင် ပြန်တည်ဆောက်လို့ ရနေသေးတယ်။
Founder Diary – #050
ဒီမှာ စာစဉ်က အဆုံးသတ်ပါတယ်။
ဒါပေမယ့်
ကျွန်တော်တို့ တည်ဆောက်ရမယ့် ဘဝကတော့
ဒီမှာ မဆုံးသေးပါဘူး။
The End.
Tayza Ko Ko
(Dragon & Delta Business Enterprise)