Founder Diary – Lesson #001
ဘဝမှာ တချို့နေ့တွေက သာမန်နေ့တွေပါပဲ။
ဒါပေမယ့် တချို့နေ့တွေကတော့ ကိုယ့်ဘဝရဲ့
ဦးတည်ရာကို ပြောင်းလဲပေးတဲ့နေ့တွေ
ဖြစ်လာတတ်တယ်။
ကျွန်တော် ယုံကြည်တာတစ်ခုရှိတယ်။
လူတစ်ယောက်ရဲ့ အနာဂတ်ကို
နေ့စဉ် သူချတဲ့ ဆုံးဖြတ်ချက်တွေကပဲ
ဆုံးဖြတ်ပေးတာ။
ဘဝက အမြဲတမ်း လွယ်ကူမှာ မဟုတ်ဘူး။
အခက်အခဲတွေ ရှိမယ်။
ငွေကြေးဖိအားတွေ ကြုံရမယ်။
လူတွေ နားလည်မပေးတဲ့ အချိန်တွေလည်း ရှိမယ်။
တစ်ခါတလေ ကိုယ့်ကိုယ်ကိုတောင်
သံသယဝင်မိတဲ့နေ့တွေ ရှိနိုင်တယ်။
ဒါပေမယ့် အဲဒီအခြေအနေတွေက
ကိုယ်ဘယ်လိုလူဖြစ်မလဲဆိုတာကို
မဆုံးဖြတ်နိုင်ဘူး။
အရေးကြီးတာက
ဒီနေ့ကစပြီး ကိုယ့်ဘဝကို ကိုယ်တိုင်တာဝန်ယူဖို့
ဆုံးဖြတ်လိုက်တာပဲ။
တိုးတက်ချင်ရင် သင်ယူရမယ်။
ချမ်းသာချင်ရင် ငွေကြေးအကြောင်းကို
နားလည်ရမယ်။
လုပ်ငန်းတစ်ခု တည်ဆောက်ချင်ရင်
လူတွေအတွက် တန်ဖိုးဖန်တီးပေးရမယ်။
ဒီလိုအရာတွေကို ဘယ်သူမှ ကိုယ့်အစား
မလုပ်ပေးနိုင်ဘူး။
ဒါကြောင့် Founder Diary ဆိုတဲ့ Series ကို
ဒီနေ့ကစပြီး ရေးသားသွားပါမယ်။
အောင်မြင်မှုအကြောင်းပဲ ရေးမှာမဟုတ်ဘူး။
အမှားတွေ၊ သင်ခန်းစာတွေ၊ စီးပွားရေးအမြင်တွေ၊
ငွေကြေးအတွေးအခေါ်တွေ၊ စာအုပ်တွေကနေ
ရခဲ့တဲ့ အသိပညာတွေ၊ ဘဝကို ပိုကောင်းအောင်
တည်ဆောက်နိုင်တဲ့ အကြောင်းအရာတွေကို
ရိုးရိုးသားသား မျှဝေသွားမယ်။
လူတိုင်းက Founder ဖြစ်စရာမလိုပါဘူး။
ဒါပေမယ့် လူတိုင်းက ကိုယ့်ဘဝရဲ့
Founder ဖြစ်နိုင်ပါတယ်။
ဒီနေ့ မင်းချတဲ့ ဆုံးဖြတ်ချက်က
မနက်ဖြန်မှာရှိမယ့် မင်းဘဝကို တည်ဆောက်လိမ့်မယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
