ကိုယ်ကြိုက်တာနဲ့ Customer ကြိုက်တာ မတူနိုင်ဘူး။

ကိုယ်ကြိုက်တာနဲ့ Customer ကြိုက်တာ မတူနိုင်ဘူး။

Founder Diary – Lesson #043

Founder ဖြစ်တဲ့အတွက်

ကိုယ့်မှာ Idea တွေ အများကြီးရှိတတ်တယ်။

ဒီ Product ကောင်းမယ်။

ဒီ Design လှတယ်။

ဒီ Service ကို လူတွေကြိုက်မယ်။

ဒီ Promotion ဆို ရောင်းရမယ်။

ကိုယ်တိုင်လည်း ယုံကြည်ချက်အပြည့်နဲ့

စလုပ်လိုက်တတ်တယ်။

ဒါပေမယ့်

Market က ကိုယ်ထင်ထားသလို

အမြဲတမ်း မတုံ့ပြန်ဘူး။

ဥပမာ

အဝတ်အထည်တစ်မျိုးကို ကိုယ်ကြိုက်တယ်။

Design ကောင်းတယ်။

Quality ကောင်းတယ်။

ကိုယ်တိုင်ဆိုလည်း ဝယ်မယ်လို့ ထင်တယ်။

ဒါနဲ့

Stock များများမှာလိုက်တယ်။

ဒါပေမယ့် တကယ်ရောင်းတဲ့အခါ

Customer တွေက

ကိုယ်အရမ်းမကြိုက်တဲ့ တခြား Design ကိုပဲ

ပိုဝယ်နေတယ်။

အဲဒီအချိန်မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။

Customer တွေ နားမလည်လို့ပါ

ဆိုပြီး ကိုယ့်အမြင်ကို ဆက်ဖက်တွယ်ထားမလား။

ဒါမှမဟုတ်

ငါမမြင်သေးတဲ့အရာတစ်ခု Market က ပြောနေတာလား? ဆိုပြီး ပြန်ကြည့်မလား။

အစပိုင်းမှာ

ကိုယ်တည်ဆောက်ထားတဲ့အရာဆိုတော့

ကိုယ်မှားတယ်လို့ လက်ခံဖို့ ခက်တတ်တယ်။

Marketing မကောင်းလို့လား?

Staff က မရောင်းတတ်လို့လား?

Customer တွေ မသိသေးလို့လား?

ဆိုပြီး အကြောင်းပြချက်တွေ ရှာတတ်တယ်။

တချို့အချိန်မှာ ဒါတွေက တကယ်မှန်နိုင်ပါတယ်။

ဒါပေမယ့်

တချို့အချိန်မှာတော့ အဖြေက ရိုးရိုးလေးပဲ။

Market က မလိုချင်တာ။

Business Decision တစ်ခုကို

ငါထင်တာ မှန်လား?

ဆိုပြီး သက်သေပြဖို့ မကြိုးစားတော့ဘူး။

Market က ဘာပြောနေလဲ?

ဆိုတာကို ရှာဖြစ်လာတယ်။

ဘယ် Product ပိုရောင်းရလဲ?

ဘယ် Post မှာ Inquiry ပိုဝင်လဲ?

ဘယ် Price မှာ Conversion ပိုကောင်းလဲ?

Customer တွေ ဘာကို ထပ်ခါထပ်ခါ မေးနေလဲ?

ဘယ် Product ကို ပြန်ဝယ်ကြလဲ?

ဘယ်ဟာကို တစ်ခါဝယ်ပြီး ပြန်မလာတော့ဘူးလဲ?

ဒါတွေက

Customer က ကိုယ့်ကို ပြောနေတဲ့ Data တွေပါပဲ။

ဥပမာ

Product A ကို ကိုယ်အရမ်းယုံကြည်တယ်။

Marketing Budget အများကြီးထည့်တယ်။

တစ်လလုံး Promotion လုပ်တယ်။

ဒါပေမယ့်

Product B က Promotion သိပ်မလုပ်ရဘဲ

Customer တွေက သူ့ဘာသာသူ မေးပြီး ဝယ်နေတယ်ဆိုရင်

ဒီအချက်ကို လျစ်လျူမရှုသင့်ဘူး။

တစ်ခါတလေ

Founder က Market ကို သင်ပေးဖို့

ကြိုးစားနေချိန်မှာ

Market က Founder ကို ပြန်သင်ပေးနေတာ

ဖြစ်နိုင်တယ်။

ဒါပေမယ့် Data ဆိုတာကိုလည်း

နံပါတ်မြင်တာနဲ့ လိုက်လုပ်တာမျိုး မဟုတ်ဘူး။

ဘာကြောင့် ဒီ Result ဖြစ်တာလဲ?

Season ကြောင့်လား?

Promotion ကြောင့်လား?

Customer Segment ပြောင်းသွားလို့လား?

တစ်ခါတည်းဖြစ်တာလား?

ထပ်ခါထပ်ခါ ဖြစ်နေတာလား?

ဆိုတာကို ပြန်စဉ်းစားရတယ်။

Data က ဆုံးဖြတ်ချက်ကို

အစားထိုးပေးတာမဟုတ်ဘူး။

ဆုံးဖြတ်ချက်ပိုကောင်းအောင် Evidence ပေးတာပါ။

Founder ဖြစ်တာနဲ့ ကိုယ့် Idea အားလုံး

မှန်ရမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။

မှားနေတဲ့ Idea ကို မြန်မြန်သိပြီး

မြန်မြန်ပြောင်းနိုင်ဖို့က ပိုအရေးကြီးတယ်။

ကိုယ့်အမြင်ကို အနိုင်ပေးဖို့ထက်

Business ကို အနိုင်ရစေဖို့ပေါ့။

Founder ရဲ့အလုပ်က ကိုယ်ထင်တာမှန်ကြောင်း သက်သေပြဖို့ မဟုတ်ဘူး။

Market က ပြောနေတဲ့အရာကို နားထောင်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်ဖို့ပါ။

တစ်ခါတလေ

Business ကို ကြီးထွားစေတဲ့ Idea က ကိုယ်အကြိုက်ဆုံး Idea မဟုတ်နိုင်ဘူး။

Customer က ပိုက်ဆံပေးပြီး

ရွေးချယ်နေတဲ့အရာကသာ အဖြေဖြစ်နေနိုင်ပါတယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!