ကုမ္ပဏီရဲ့ပိုက်ဆံက Founder ရဲ့ပိုက်ဆံ မဟုတ်ဘူး။

ကုမ္ပဏီရဲ့ပိုက်ဆံက Founder ရဲ့ပိုက်ဆံ မဟုတ်ဘူး။

Founder Diary – Lesson #039

ကိုယ်ပိုင်လုပ်ငန်း စလုပ်တဲ့အချိန်မှာ

အထူးသဖြင့် လုပ်ငန်းသေးသေးလေးက စတဲ့အခါ

ဒီနှစ်ခုကို ခွဲဖို့ တော်တော်ခက်တတ်တယ်။

ကိုယ့်ပိုက်ဆံ။

လုပ်ငန်းရဲ့ပိုက်ဆံ။

ကိုယ်ပဲ အရင်းထည့်ထားတာ။

ကိုယ်ပဲ ပိုင်တာ။

ကိုယ်ပဲ ရှာထားတာဆိုတော့

Business Account ထဲမှာရှိတဲ့ငွေကို

ကိုယ့်ငွေလို့ ထင်မိဖို့ လွယ်တယ်။

ကျွန်တော်လည်း အစပိုင်းမှာ

ဒီလိုပဲ မြင်ခဲ့ဖူးတယ်။

ဥပမာ

ဒီလ Business ကနေ

သိန်း ၁၀၀ ဝင်လာတယ်ဆိုပါစို့။

Account ထဲမှာ သိန်း ၁၀၀ ရှိနေတာကိုကြည့်ပြီး

ငါ့မှာ သိန်း ၁၀၀ ရှိတယ်

လို့ ထင်လိုက်မိတယ်။

ဒါပေမယ့်

အဲဒီ သိန်း ၁၀၀ ထဲမှာ

Supplier ကို ပေးရမယ့်ငွေ ရှိတယ်။

ဝန်ထမ်းလစာ ရှိတယ်။

Rent ရှိတယ်။

Tax အတွက် ဖယ်ထားရမယ့်ငွေ ရှိတယ်။

Stock ပြန်ဖြည့်ရမယ့်ငွေ ရှိတယ်။

Business Reserve အတွက်

ထားရမယ့်ငွေလည်း ရှိတယ်။

အားလုံးနုတ်ပြီးမှ

Founder အနေနဲ့ တကယ်ယူလို့ရတဲ့ငွေ

ဘယ်လောက်ရှိလဲ ဆိုတာ ပေါ်လာတာ။

ဒီနှစ်ခုကို မခွဲထားရင်

Business က အမြတ်ရနေပေမယ့်

Cash အမြဲလိုနေတဲ့အခြေအနေ ဖြစ်လာနိုင်တယ်။

လုပ်ငန်းက ငွေဝင်တိုင်း

ကိုယ်လိုတာ ထုတ်သုံးတယ်။

ကိုယ်လိုအပ်လာရင်

Business ထဲက ပြန်ယူတယ်။

Business လိုလာရင်

ကိုယ့်ပိုက်ဆံ ပြန်ထည့်တယ်။

ဒီလိုနဲ့

နောက်ဆုံးမှာ

Business က တကယ်မြတ်နေလား?

Founder က ကိုယ့်ပိုက်ဆံ ပြန်ထည့်ပြီး

လည်ပတ်နေတာလား? တောင် မသိတော့ဘူး။

နောက်ပိုင်းမှာ ကျွန်တော် ပိုအရေးထားလာတာက

Business ကို သီးခြား Entity တစ်ခုလို မြင်တာပါ။

Founder ဖြစ်လို့

Business Account ကို ကိုယ့် Wallet လို

မသုံးတော့ဘူး။

ကိုယ်ယူမယ့်ငွေရှိရင်

Salary ဖြစ်ဖြစ်၊

Owner’s Draw ဖြစ်ဖြစ်၊

Dividend ဖြစ်ဖြစ်

ဘာအတွက် ထုတ်ယူတာလဲဆိုတာ

စာရင်းထဲမှာ ရှင်းအောင်ထားတယ်။

ကိုယ်က Business ထဲ ငွေထပ်ထည့်ရင်လည်း

အရင်းထပ်ထည့်တာလား?

Loan ပေးထားတာလား?

သီးခြားမှတ်ထားဖို့ လိုတယ်။

ဒီလိုလုပ်တာက စာရင်းမှတ်ဖို့တင် မဟုတ်ဘူး။

ဆုံးဖြတ်ချက်မှန်ဖို့ပါ။

Business Money နဲ့ Personal Money

ရောနေတဲ့အခါ

ကိုယ့် Lifestyle က Business Cash Flow ကို

သုံးနေတာတောင် သတိမထားမိနိုင်ဘူး။

ဒါပေမယ့်

နှစ်ခုကို ခွဲထားလိုက်တဲ့အခါ

အခြေအနေက ပိုရှင်းလာတယ်။

Business က Business အတိုင်း ရပ်တည်နိုင်ရမယ်။

Founder ကလည်း

Business က ပေးနိုင်တဲ့အတိုင်းအတာအတွင်းမှာပဲ

ကိုယ့်အတွက် ထုတ်ယူသင့်တယ်။

တစ်ခုတော့ရှိတယ်။

ကုမ္ပဏီကို ကိုယ်ပိုင်တာနဲ့

ကုမ္ပဏီထဲက ပိုက်ဆံအားလုံးကို ကိုယ်ပိုင်တာဟာ အဓိပ္ပာယ်မတူဘူး။

ဒီအမြင်ကို စပြီးခွဲနိုင်တဲ့အချိန်ကစပြီး

ကိုယ့် Business ရဲ့ Financial Picture က

ပိုရှင်းလာတယ်။

Founder က Company ကို ပိုင်နိုင်တယ်။

ဒါပေမယ့် Company ရဲ့ Cash ကို

Personal Wallet လို သုံးလို့မရဘူး။

Business Money နဲ့ Personal Money ကို

ခွဲနိုင်တဲ့နေ့ကစပြီး

ကိုယ့်လုပ်ငန်းကို ကိုယ်ပိုင်အလုပ် တစ်ခုလို

မဟုတ်တော့ဘဲ

Business တစ်ခုလို စပြီး စီမံနိုင်လာတာပါ။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!