ကြိုးစားတာက အဖြေမဟုတ်ဘူး။ မှန်ကန်တဲ့ ပြဿနာကို ဖြေရှင်းတာက အဖြေပဲ။

ကြိုးစားတာက အဖြေမဟုတ်ဘူး။ မှန်ကန်တဲ့ ပြဿနာကို ဖြေရှင်းတာက အဖြေပဲ။

Founder Diary – Lesson #007

Business Owner တစ်ယောက်က ပြောဖူးတယ်။

ကျွန်တော် နေ့တိုင်း မနားတမ်း အလုပ်လုပ်တယ်။

ဒါပေမယ့် လုပ်ငန်းက မတိုးတက်ဘူး။

ကျွန်တော် မေးလိုက်တယ်။

အခု လုပ်ငန်းရဲ့ အကြီးဆုံးပြဿနာက ဘာလဲ?

သူ ခဏစဉ်းစားပြီး

မသိဘူး လို့ ပြန်ဖြေတယ်။

အဲဒီအချိန်မှာ သဘောပေါက်လိုက်တာက

ပြဿနာကို မသိဘဲ ကြိုးစားတာက

အမှောင်ထဲမှာ မြှားပစ်သလိုပဲ။

ဥပမာ

ကားတစ်စီး စက်မနိုးဘူးဆိုပါစို့။

Battery အားကုန်တာလည်း ဖြစ်နိုင်တယ်။

ဆီကုန်တာလည်း ဖြစ်နိုင်တယ်။

Starter ပျက်တာလည်း ဖြစ်နိုင်တယ်။

အကြောင်းရင်း မသိဘဲ

Battery အသစ်လဲလိုက်လည်း ကားက

နိုးချင်မှ နိုးမယ်။

အားစိုက်တာ မလုံလောက်ဘူး။

အကြောင်းရင်းမှန်ကို ရှာဖို့ လိုတယ်။

Business မှာလည်း ဒီလိုပဲ။

ရောင်းအားကျနေတာက Marketing ကြောင့်လား?

Product ကြောင့်လား?

Customer Service ကြောင့်လား?

Pricing ကြောင့်လား?

အရင်ဆုံး ပြဿနာအစစ်ကို ရှာပါ။

ပြီးမှ အဲဒီနေရာကို အားစိုက်ပါ။

ကြိုးစားအားထုတ်မှုက အရေးကြီးတယ်။

ဒါပေမယ့် မှန်ကန်တဲ့ ပြဿနာကို ရှာပြီး

ဖြေရှင်းနိုင်ဖို့က ပိုအရေးကြီးတယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!