Founder Diary – Lesson #036
Business လုပ်လာတာ အဆင်ပြေလာတဲ့အခါ
ဝင်ငွေကောင်းလာတယ်။
Cash လည်း စုလာတယ်။
အဲဒီအချိန်မှာ လူတော်တော်များများ
စလုပ်တတ်တာက
အသစ်တွေ ထပ်ချဲ့တယ်။
ပစ္စည်းတွေ ထပ်ဝယ်တယ်။
Office ပိုကြီးတာ ပြောင်းတယ်။
ကားအသစ်ဝယ်တယ်။
Project အသစ်တွေ ထပ်စတယ်။
ကြည့်ရတာတော့
Growth ဖြစ်လာသလိုပဲ။
ဒါပေမယ့်
ငွေရှိတာက Decision ကောင်းမယ်လို့ မဆိုလိုဘူး။
တစ်ခါတလေ
ငွေများလာလို့ပဲ
Decision တွေ ပေါ့ပေါ့တန်တန်
ဖြစ်လာတတ်တယ်။
ငွေနည်းတဲ့အချိန်မှာ
၁ သိန်းသုံးမယ်ဆိုရင်တောင်
နှစ်ခါ၊ သုံးခါ စဉ်းစားတတ်တယ်။
ဒါပေမယ့်
ငွေများလာတဲ့အချိန်မှာ…
ဒီလောက်တော့ ဘာမှမဖြစ်ပါဘူး
ဆိုပြီး သုံးလိုက်တာတွေ များလာတတ်တယ်။
အဲဒီ သေးသေးလေးတွေ စုလာတဲ့အခါ…
Business ရဲ့ Financial Discipline
ပျောက်သွားတတ်တယ်။
ဥပမာ
လုပ်ငန်းမှာ Cash သိန်း ၅၀၀ ရှိလာတယ်ဆိုပါစို့။
အဲဒီငွေကို
ဆိုင်ခွဲအသစ်ဖွင့်လိုက်တယ်။
ဝန်ထမ်းအသစ်တွေ ခန့်လိုက်တယ်။
Decoration လုပ်တယ်။
Equipment အသစ်တွေ ဝယ်တယ်။
တစ်ခါတည်း အများကြီး ချဲ့လိုက်တယ်။
ဒါပေမယ့်
ဆိုင်ခွဲအသစ်ရဲ့ အရောင်းက
မျှော်မှန်းထားသလို မဖြစ်ရင်
အရင်ကရှိခဲ့တဲ့ Cash Reserve က
တဖြည်းဖြည်း ဆုံးလာနိုင်တယ်။
အဲဒီအချိန်မှာမှ
ငွေရှိလို့ သုံးခဲ့တာ နဲ့
Return ရမယ်လို့ သေချာတွက်ပြီး သုံးခဲ့တာက
မတူဘူး ဆိုတာ သိလာရတယ်။
ဒါကြောင့်
နောက်ပိုင်းမှာ ကျွန်တော် ငွေရှိလာတဲ့အချိန်ကို
ပိုသတိထားလာတယ်။
ဘာကြောင့်လဲဆိုတော့
Scarcity က Discipline ဖြစ်စေတတ်တယ်။
ဒါပေမယ့်
Abundance က Discipline ကို စမ်းသပ်တတ်တယ်။
အခုဆို Business မှာ Cash ရှိလာတိုင်း
ဘာဝယ်မလဲ?
ဘာထပ်ဖွင့်မလဲ?
ဆိုတာကို အရင်မစဉ်းစားတော့ဘူး။
အရင်ဆုံး
ဒီငွေကို မသုံးဘဲထားတာက ပိုကောင်းနိုင်လား?
ဆိုတာကိုပါ စဉ်းစားတယ်။
အခွင့်အရေးတိုင်းကို လိုက်ယူဖို့ မလိုဘူး။
ငွေရှိတိုင်း သုံးဖို့လည်း မလိုဘူး။
တစ်ခါတလေ
မသုံးဘဲ စောင့်နိုင်တာကလည်း
Financial Skill တစ်ခုပါ။
ငွေရှာနိုင်တာက အရေးကြီးတယ်။
ငွေရှိတဲ့အချိန်မှာ မမှားအောင် ဆုံးဖြတ်နိုင်တာက
ပိုအရေးကြီးတယ်။
Founder တစ်ယောက်အတွက်
Capital ရှိခြင်းထက်
Capital ကို ဘယ်အချိန် မသုံးသင့်ဘူးဆိုတာ
သိခြင်းက ပိုတန်ဖိုးရှိတတ်တယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
