Founder Diary – Lesson #029
လုပ်ငန်းတွေစတုန်းက
ကျွန်တော်က
အရောင်းဘယ်လောက်ရှိလဲ၊
ငွေဘယ်လောက်ဝင်လဲ ဆိုတာပဲ ကြည့်တယ်။
ဒါပေမယ့်
ကိုယ့်လုပ်ငန်းရဲ့ Financial Statement ကို
တစ်ခါမှ သေချာမထိုင်ကြည့်ခဲ့ဘူး။
အဲဒီအချိန်မှာ ကျွန်တော်ထင်တာက
Business လည်ပတ်နေတာပဲ။
အရောင်းလည်းရှိတယ်။
ငွေလည်းဝင်တယ်။
အဆင်ပြေတာပေါ့။
ဆိုတာမျိုးပဲ။
နောက်ပိုင်းမှာ
တစ်လပြီးတစ်လ စာရင်းတွေကို ပြန်ကြည့်ရင်း
မမြင်ခဲ့တာတွေကို စမြင်လာတယ်။
အရောင်းက တက်နေတယ်။
ဒါပေမယ့် အမြတ်နှုန်းက ကျနေတယ်။
Stock တွေ များလာတယ်။
ဒါပေမယ့် Cash က မတိုးလညဘူး။
အကြွေးပေးရမယ့်ငွေတွေ တိုးလာတယ်။
အဲဒီအရာတွေကို
အရောင်းနံပါတ်တစ်ခုတည်းကြည့်ရင်
မမြင်နိုင်ဘူး။
Financial Statement ဆိုတာ
Accountant တွေအတွက်ပဲ မဟုတ်ဘူး။
Founder အတွက်လည်း
Business ရဲ့ Health Report တစ်ခုလိုပဲဆိုတာ
နားလည်လာတယ်။
ဥပမာ
Profit & Loss Statement က
ဒီလုပ်ငန်းက အမြတ်ရနေလား၊
အရှုံးပေါ်နေလား ကို ပြတယ်။
Balance Sheet က
ဒီနေ့အချိန်မှာ လုပ်ငန်းမှာ ဘာတွေရှိလဲ၊
ဘာတွေ ပေးရန်ရှိလဲ ကို ပြတယ်။
Cash Flow Statement က
ငွေက ဘယ်ကဝင်ပြီး ဘယ်နေရာကို
ထွက်နေလဲကို ပြတယ်။
အဲဒီသုံးခုကို စပြီးကြည့်တတ်လာတော့
အရင်က လုပ်ငန်းက က အဆင်ပြေတယ် လို့
ထင်ခဲ့တဲ့အရာတွေထဲက
တကယ်တော့ ပြင်ဖို့လိုနေတဲ့နေရာတွေ
ရှိနေမှန်း သိလာတယ်။
ကားမောင်းတဲ့အခါ Dashboard ကို
မကြည့်ဘဲ မောင်းလို့ရသလို
လုပ်ငန်း ကိုလည်း စာရင်းတွေမကြည့်ဘဲ
ခဏတော့ မောင်းလို့ရတယ်။
ဒါပေမယ့်
ဘယ်လောက်မြန်မြန် မောင်းနေလဲ၊
ဆီဘယ်လောက်ကျန်လဲ၊ အင်ဂျင်မှာ
ပြဿနာရှိလားဆိုတာ မသိဘဲ မောင်းနေရင်
တစ်နေ့မှာ ရပ်သွားနိုင်တယ်။
ဒါကြောင့် အခုတော့
Accountant ကို စာရင်းလုပ်ခိုင်းတာနဲ့ မပြီးတော့ဘူး။
Founder ကိုယ်တိုင်လည်း
ဒီလ Business ရဲ့ Financial Health က ဘယ်လိုလဲ?
ဆိုတာကို နားလည်အောင် ကြည့်တယ်။
စာရင်းဆိုတာ အတိတ်ကို
မှတ်တမ်းတင်ဖို့ပဲ မဟုတ်ဘူး။
နောက်ထပ် ဘာလုပ်သင့်လဲဆိုတာ
ဆုံးဖြတ်ဖို့အတွက်လည်း ဖြစ်တယ်။
Founder တစ်ယောက်အနေနဲ့
ကိုယ့်လုပ်ငန်းရဲ့ ငွေကြေးအခြေအနေကို
မမြင်နိုင်တာက အန္တရာယ်ရှိတယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
