ဆိုင်မှာ ပစ္စည်းများများရှိတာက လုပ်ငန်းကောင်းနေတာ မဟုတ်ဘူး။

ဆိုင်မှာ ပစ္စည်းများများရှိတာက လုပ်ငန်းကောင်းနေတာ မဟုတ်ဘူး။

Founder Diary – Lesson #033

အရင်တုန်းက

ဆိုင်ထဲမှာ ပစ္စည်းတွေ များများရှိနေရင်

လုပ်ငန်းကောင်းတယ်လို့ ထင်ခဲ့ဖူးတယ်။

စင်တွေအပြည့် Stock ရှိတယ်။

Customer လာရင် ရွေးချယ်စရာ များတယ်။

ပစ္စည်းပြတ်မှာလည်း မကြောက်ရဘူး။

ကြည့်လိုက်ရင်

Business က တောင့်တင်းခိုင်မာနေသလိုပဲ။

ဒါပေမယ့်

နောက်ပိုင်းမှာ နားလည်လာတာက

မရောင်းရသေးတဲ့ Stock ဆိုတာ

ပစ္စည်းပုံစံပြောင်းထားတဲ့ Cash ပါပဲ။

ဥပမာ

Laptop ဆိုင်တစ်ဆိုင်မှာ

သိန်း ၅၀၀ ဖိုး Stock ရှိတယ်ဆိုပါစို့။

ကြည့်လိုက်ရင်

Asset သိန်း ၅၀၀ ရှိနေသလိုပဲ။

ဒါပေမယ့်

အဲဒီ Laptop တွေထဲက တချို့က

တစ်လ၊ နှစ်လ၊ သုံးလကြာတဲ့အထိ မ

ရောင်းရဘူးဆိုရင်

ကိုယ့်ရဲ့ သိန်း ၅၀၀ ထဲက ငွေတချို့ဟာ

စင်ပေါ်မှာ ပိတ်မိနေပြီ။

အဲဒီငွေနဲ့

Marketing လုပ်လို့မရဘူး။

Supplier ကို ရှင်းလို့မရဘူး။

လုပ်ငန်းအသစ်မှာ ထည့်လို့မရဘူး။

အရေးပေါ်လိုလာရင်လည်း ချက်ချင်းသုံးလို့မရဘူး။

ပိုဆိုးတာက

Stock တချို့က အချိန်ကြာလေလေ

တန်ဖိုးကျလေလေ ဖြစ်တတ်တယ်။

Laptop ဆို

Model အသစ်ထွက်လာနိုင်တယ်။

Technology အဟောင်းဖြစ်သွားနိုင်တယ်။

ဈေးကျသွားနိုင်တယ်။

အဝတ်အထည်ဆိုလည်း

Trend ပြောင်းနိုင်တယ်။

Season ကျော်သွားနိုင်တယ်။

နောက်ဆုံး

အရင်းပြန်ရဖို့

Discount ချပြီး ရောင်းရတာမျိုး ဖြစ်လာနိုင်တယ်။

အဲဒီအချိန်မှာ

ကျွန်တော် စပြီးကြည့်ဖြစ်လာတာက

Stock ဘယ်လောက်ရှိလဲ? မဟုတ်တော့ဘူး။

Stock ဘယ်လောက်မြန်မြန် ပြန်လည်ပတ်နေလဲ?

ဆိုတာပါ။

ပစ္စည်း သိန်း ၅၀၀ ဖိုးထားပြီး

တစ်နှစ်မှ တစ်ခါပြန်လည်ပတ်တာထက်

သိန်း ၂၀၀ ဖိုး Stock က

တစ်နှစ်အတွင်း အကြိမ်ကြိမ် ပြန်လည်ပတ်နိုင်ရင်

အရင်းအနှီးကို ပိုထိရောက်စွာ အသုံးချနိုင်တယ်။

ဒါကြောင့်

ပစ္စည်းရောင်းတဲ့ Business မှာ

ရောင်းအားကောင်းတဲ့ Product ကို သိဖို့လိုသလို

သောင်တင်နိုင်တဲ့ Stock ကိုလည်း သိဖို့လိုတယ်။

ဘယ်ပစ္စည်းက မြန်မြန်ရောင်းရလဲ?

ဘယ်ပစ္စည်းက လနဲ့ချီပြီး စင်ပေါ်မှာ ရှိနေလဲ?

ဘယ်ပစ္စည်းကို ထပ်မမှာသင့်တော့ဘူးလဲ?

ဘယ်ပစ္စည်းကို မြန်မြန်ရှင်းသင့်လဲ?

ဒီအချက်တွေက

ငွေရှာတာနဲ့တင်မဟုတ်ဘဲ

ရှိပြီးသားငွေကို မပိတ်မိအောင် စီမံတာ ဖြစ်ပါတယ်။

Inventory က စင်ပေါ်မှာ

ဘယ်လောက်များလဲဆိုတာထက်

ဘယ်လောက်မြန်မြန် Cash အဖြစ်

ပြောင်းနိုင်လဲဆိုတာက ပိုအရေးကြီးပါတယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!