Founder Diary – Lesson #012
တစ်ခါတုန်းက
လုပ်ငန်းမှာ ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခု ရှိလာတယ်။
Project အသစ်တစ်ခု စမလား။
မစသေးဘူးလား။
အဲဒီအချိန်မှာ
ကျွန်တော် စဉ်းစားတယ်။
ထပ်စဉ်းစားတယ်။
ပြီးတော့
နည်းနည်းစောင့်လိုက်ဦးမယ် လို့ ဆုံးဖြတ်လိုက်တယ်။
တစ်လကြာတော့
အဲဒီအခွင့်အရေးက ထပ်မရှိတော့ဘူး။
အဲဒီနေ့က နားလည်လိုက်တာက
ကျွန်တော် အမှားလုပ်ခဲ့တာ မဟုတ်ဘူး။
ဆုံးဖြတ်ချက် မချဘဲ အချိန်ကုန်လိုက်တာက
အမှားဖြစ်သွားတာ။
ဥပမာ
လမ်းဆုံတစ်ခုမှာ ရပ်နေတဲ့ လူတစ်ယောက်ကို
စဉ်းစားကြည့်ပါ။
ဘယ်ဘက်သွားရမလား?
ညာဘက်သွားရမလား?
သူ တစ်နာရီလုံး ရပ်စဉ်းစားနေတယ်။
နောက်ဆုံး
သူ ဘယ်ကိုမှ မရောက်ဘူး။
ဒါပေမယ့်
တစ်ယောက်ကတော့ လမ်းတစ်ခုကို
ရွေးပြီး စသွားတယ်။
လမ်းမှားရင်လည်း ပြန်လှည့်နိုင်တယ်။
လမ်းမှန်ရင်တော့ ပန်းတိုင်နဲ့ ပိုနီးသွားတယ်။
Business မှာလည်း ဒီလိုပဲ။
ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်ကို စောင့်နေရင်း
အခွင့်အရေးတွေ လက်လွတ်သွားတတ်တယ်။
တစ်ခါတလေ
၇၀% လောက် သေချာတဲ့ ဆုံးဖြတ်ချက်ကို
အခုချတာက
၁၀၀% သေချာမယ့်အချိန်ကို စောင့်နေတာထက်
ပိုကောင်းတယ်။
မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တာက
အရေးကြီးတယ်။
ဒါပေမယ့် ဆုံးဖြတ်ချက် မချဘဲ
ရပ်နေတာထက်တော့၊ သင်ယူရင်း ရှေ့ဆက်တာက
ပိုကောင်းတယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
