Founder Diary – Lesson #034
ရောင်းအားကျသွားတဲ့အချိန်တိုင်း
ပထမဆုံးစဉ်းစားမိတာက
ဈေးလျှော့လိုက်ရမလား?
ဆိုတာ ဖြစ်တတ်တယ်။
ပြိုင်ဘက်က ဈေးလျှော့ရင်
ကိုယ်လည်း လိုက်လျှော့ချင်တယ်။
Customer က
ဟိုဆိုင်က ပိုသက်သာတယ်။
လို့ပြောရင်လည်း
လိုက်လျှော့ပေးချင်တယ်။
အစပိုင်းမှာတော့
ဈေးလျှော့လိုက်ရင် ရောင်းအားတက်လာလို့
ဆုံးဖြတ်ချက်မှန်တယ်လို့ ထင်ရတတ်တယ်။
ဒါပေမယ့်
နောက်ပိုင်းမှာ ကျွန်တော် သတိထားမိတာ
တစ်ခုရှိတယ်။
Sales တက်လာပေမယ့် Profit မတက်လာဘူး။
တစ်ခါတလေ ပိုတောင် ပင်ပန်းလာတယ်။
ဥပမာ
ပစ္စည်းတစ်ခုကို ၁၀၀,၀၀၀ ကျပ်နဲ့ ရောင်းတယ်။
ကုန်ကျစရိတ်အားလုံးနုတ်ပြီး
၂၀,၀၀၀ ကျပ် ကျန်တယ်ဆိုပါစို့။
Customer ပိုရအောင်
ဈေးကို ၉၀,၀၀၀ ကျပ် လျှော့လိုက်တယ်။
ကြည့်လိုက်ရင်
၁၀% ပဲ လျှော့လိုက်တာ။
ဒါပေမယ့်
ကိုယ်ကျန်နေတဲ့ အမြတ်က
၂၀,၀၀၀ ကနေ ၁၀,၀၀၀ ဖြစ်သွားပြီ။
Selling Price က 10% ပဲ ကျသွားပေမယ့်
တစ်ခုချင်းစီက ရတဲ့အမြတ်က 50% ကျသွားတယ်။
အရင်အမြတ်ပမာဏအတိုင်း ရဖို့ဆိုရင်
အရင် ၁၀ ခု ရောင်းရတဲ့နေရာမှာ
အခု ၂၀ ခု ရောင်းရတော့မယ်။
အလုပ်က နှစ်ဆနီးပါးလုပ်ရပေမယ့်
ရလာဒ်ကတော့ အရင်အတိုင်းပဲ။
အဲဒီအချိန်မှာ နားလည်လာတာက
Pricing ဆိုတာ Customer ဝယ်နိုင်မယ့်
ဈေးတစ်ခု သတ်မှတ်တာတင် မဟုတ်ဘူး။
ကိုယ့် Business ရေရှည်ရပ်တည်နိုင်မယ့်
ဈေးတစ်ခု သတ်မှတ်တာလည်း ဖြစ်တယ်။
ဈေးကြီးလို့ မရောင်းရတာ ဖြစ်နိုင်တယ်။
ဒါပေမယ့်
အမြဲတမ်း ဈေးကြောင့်ပဲ မဟုတ်ဘူး။
Customer က ကိုယ့် Product ရဲ့ Value ကို
မမြင်သေးတာ ဖြစ်နိုင်တယ်။
ယုံကြည်မှု မရှိသေးတာ ဖြစ်နိုင်တယ်။
Marketing Message မရှင်းတာ ဖြစ်နိုင်တယ်။
Target Customer မှားနေတာ ဖြစ်နိုင်တယ်။
အဲဒီပြဿနာတွေကို မပြင်ဘဲ
ဈေးကိုပဲ ဆက်လျှော့နေရင်
နောက်ဆုံးမှာ ကိုယ်တိုင်ပဲ
ကိုယ့် Business ရဲ့ Margin ကို
ဖျက်စီးနေမိနိုင်တယ်။
ဒါကြောင့်
အခုဆို အရောင်းကျလာတဲ့အခါ
ဈေးဘယ်လောက်လျှော့ရမလဲ?
ဆိုတာကို ချက်ချင်း မစဉ်းစားတော့ဘူး။
အရင်ဆုံး
Customer က ဘာကြောင့် မဝယ်တာလဲ?
ဆိုတာကို ရှာတယ်။
ပြီးမှ Pricing ပြဿနာ
တကယ်ဟုတ်၊ မဟုတ် ဆုံးဖြတ်တယ်။
ဈေးလျှော့လိုက်တာနဲ့ Customer ပိုရနိုင်တယ်။
ဒါပေမယ့် Customer ပိုရတာနဲ့ လုပ်ငန်းက
ပိုကောင်းလာတယ်လို့ မဆိုလိုဘူး။
စျေးနှုန်းက က ရောင်းထွက်ဖို့အတွက်ပဲ မဟုတ်ဘူး။
ရောင်းပြီးရင်လည်း လုပ်ငန်း အတွက်
အမြတ်ကျန်ဖို့ လိုတယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
