နေရာတကာ ငါပါမှ ဖြစ်မယ် ဆိုတဲ့ အတွေးက လုပ်ငန်းကို မကြီးထွားစေဘူး။

နေရာတကာ ငါပါမှ ဖြစ်မယ် ဆိုတဲ့ အတွေးက လုပ်ငန်းကို မကြီးထွားစေဘူး။

Founder Diary – Lesson #011

ကျွန်တော်လုပ်ငန်းစတဲ့အချိန်တုန်းက

အရာအားလုံးကို ကိုယ်တိုင်လုပ်ခဲ့တယ်။

Customer ကို ကိုယ်တိုင် Reply ပြန်တယ်။

Invoice ကိုယ်တိုင်ထုတ်တယ်။

Marketing ကိုယ်တိုင်လုပ်တယ်။

Page Content ကိုယ်တိုင်တင်တယ်။

အဲဒီတုန်းကတော့

ငါလုပ်မှ အဆင်ပြေမှာ။

လို့ ယုံကြည်ခဲ့တယ်။

တစ်နေ့တော့

အရေးကြီးတဲ့ Meeting တစ်ခုရှိနေတုန်း

Customer တစ်ယောက် ဖုန်းဆက်လာတယ်။

Invoice တစ်ခုလည်း မပြီးသေးဘူး။

Page မှာ Message တွေလည်း ဝင်နေတယ်။

အဲဒီအချိန်မှာ

ကျွန်တော် ဘာမှ မပြီးသေးဘူး။

အလုပ်လုပ်နေတာ မဟုတ်တော့ဘဲ

အလုပ်တွေရဲ့ ဆွဲခေါ်တာကို လိုက်ဖြေရှင်းနေရတာ

ဖြစ်သွားတယ်။

အဲဒီနေ့က နားလည်လိုက်တာက

လုပ်ငန်းတစ်ခု ကြီးထွားလာရခြင်းက

Owner က အလုပ်ပိုလုပ်နေတာကြောင့် မဟုတ်ဘူး။

Team က လုပ်နိုင်လာတာကြောင့်။

ဥပမာ

စားသောက်ဆိုင်တစ်ဆိုင်မှာ

Owner က ဟင်းချက်တယ်။

ငွေရှင်းတယ်။

Customer ကို ဧည့်ခံတယ်။

ပစ္စည်းလည်း ဝယ်တယ်။

ဒါပေမယ့် ဝန်ထမ်းခန့်ပြီး

တာဝန်ခွဲပေးနိုင်တဲ့အချိန်မှာ

Owner က Menu အသစ်စဉ်းစားနိုင်တယ်။

ဆိုင်အသစ် ဖွင့်ဖို့ စီစဉ်နိုင်တယ်။

Business ကို နောက်တစ်ဆင့် တက်နိုင်တယ်။

ဒါဟာကိုယ်တိုင်လုပ်သင့်တဲ့ အလုပ်နဲ့

သူများလုပ်နိုင်တဲ့ အလုပ်ကို

ခွဲတတ်လာတာပဲဖြစ်တယ်။

အစပိုင်းတော့ ဒီအပြောင်းအလဲကခက်ခဲပေမယ့်

နောက်ပိုင်း အဆင်ပြေမယ့်အစီအစဉ်ဖြစ်တယ်၊

လုပ်ငန်းကို ကြီးထွားစေချင်ရင်

အလုပ်အားလုံးကို ကိုယ်တိုင်လုပ်ဖို့ မကြိုးစားပါနဲ့။

လူတွေ လုပ်နိုင်အောင် သင်ပေးပြီး ယုံကြည်ပေးပါ။

တစ်ခုတော့ရှိတယ်။

ငွေရေးကြေးရေးတော့ သတိထားပေါ့။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!