Founder Diary – Lesson #026
ငွေကြေးအတွက်
တစ်ချို့ဆုံးဖြတ်ချက်တွေချတဲ့အခါ
ကျွန်တော်တို့က ဘယ်လောက်ကုန်မလဲ ကိုပဲ
စဉ်းစားတတ်ကြတယ်။
ဒါပေမယ့်
ကျွန်တော် နောက်ပိုင်းမှာ ပိုစဉ်းစားဖြစ်လာတာက
ဒီငွေကို ဒီနေရာမှာ သုံးလိုက်ရင်
တခြားဘာအခွင့်အရေးကို ဆုံးရှုံးသွားမလဲ?
ဆိုတာပါ။
ဥပမာ
လုပ်ငန်းမှာ သိန်း ၁၀၀ ရှိတယ်ဆိုပါစို့။
အဲဒီငွေနဲ့
ဆိုင်အပြင်အဆင် ပြင်လို့ရတယ်။
Laptop Stock ထပ်ဝယ်လို့ရတယ်။
Marketing လုပ်လို့ရတယ်။
ဒါမှမဟုတ်
လုပ်ငန်းလည်ပတ်ဖို့ Cash အဖြစ် ထားလို့ရတယ်။
ရွေးချယ်စရာတွေ အများကြီးရှိတယ်။
ဒါပေမယ့်
သိန်း ၁၀၀ ကို တစ်နေရာမှာ သုံးလိုက်တာနဲ့
တခြားနေရာတွေမှာ သုံးခွင့် မရှိတော့ဘူး။
တစ်ခါတလေ
ပိုက်ဆံကို မှားတဲ့နေရာမှာ သုံးမိတာကြောင့်
အရှုံးဖြစ်တာ မဟုတ်ဘူး။
ပိုကောင်းတဲ့ အခွင့်အရေးကို မသုံးနိုင်တော့တာက
အရှုံးဖြစ်နေတာ။
ဒါကို Opportunity Cost လို့ ခေါ်တယ်။
ဥပမာ
Marketing အတွက် သိန်း ၂၀ သုံးလိုက်တယ်။
Campaign က မအောင်မြင်ဘူးဆိုရင်
သိန်း ၂၀ က ဆုံးရှုံးသွားတယ်။
ဒါပေမယ့်
အဲဒီသိန်း ၂၀ ကို Product အသစ်တစ်ခု
စမ်းသပ်ဖို့ သုံးခဲ့ရင်
နောက်ထပ် Revenue ရနိုင်ခဲ့မလား?
Stock ဝယ်ထားခဲ့ရင်
အမြတ်ရနိုင်ခဲ့မလား?
အဲဒါကို မသိနိုင်တော့ဘူး။
ဆုံးရှုံးသွားတာက သိန်း ၂၀ တင် မဟုတ်ဘူး။
မရခဲ့တဲ့ အခွင့်အရေးပါ ပါတယ်။
အဲဒီအချိန်ကစပြီး
ကျွန်တော် ငွေသုံးခါနီးတိုင်း
ကုန်ကျစရိတ် ဘယ်လောက်လဲ?
ဆိုတာထက်
ဒီငွေကို ဒီနေရာမှာ သုံးတာက
လက်ရှိရွေးချယ်စရာတွေထဲမှာ အကောင်းဆုံးလား?
ဆိုတာကို ပိုစဉ်းစားဖြစ်လာတယ်။
ပိုက်ဆံဆုံးရှုံးတာကိုပဲ အရှုံးလို့ မမြင်ပါနဲ့။
ပိုကောင်းတဲ့ အခွင့်အရေးကို
မရွေးချယ်နိုင်တော့တာလည်း အရှုံးတစ်မျိုးပါ။
Finance ဆိုတာ ငွေကို ရေတွက်တာထက်
ငွေကို ဘယ်နေရာမှာ အသုံးချရင်
တန်ဖိုးအများဆုံး ရမလဲဆိုတာ ဆုံးဖြတ်နိုင်ခြင်းပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
