Founder Diary – Lesson #010
တစ်ခါက
ဝန်ထမ်းနှစ်ယောက်ကို အလုပ်တစ်ခု ပေးလိုက်တယ်။
အလုပ်က လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။
Customer Complaint ကို ကိုင်တွယ်ရမယ်။
ပထမတစ်ယောက်က
ဆရာဒီကိစ္စကို တခြားတစ်ယောက်ခိုင်းလိုက်ရင်
ရမလား။
သူ ကြောက်တာက
Customer စိတ်မကျေနပ်မှာကို။
အမှားလုပ်မိမှာကို။
စကားအများကြီးပြောရမှာကို။
ဒုတိယတစ်ယောက်ကတော့
ကျွန်တော်ဒါမျိုးပြဿနာ တစ်ခါမှတော့
မဖြေရှင်းဖူရဘူး။
ရပါတယ် ဆရာ လုပ်ကြည့်လိုက်ပါတယ်။
မသိတာနဲ့ မရှင်းတာရှိရင် ဆရာ့ကိုပြန်မေးမယ်နော်။
ရလဒ်က
ဒုတိယတစ်ယောက်လည်း အမှားလုပ်ခဲ့တယ်။
Customer ရန်တွေ့တာလည်း ခံရတယ်။
ဒါပေမယ့်
အဲဒီအတွေ့အကြုံတစ်ခုက
သူ့ကို ပိုရင့်ကျက်သွားစေခဲ့တယ်။
နောက်တစ်ခါ
အဲဒီလို ပြဿနာမျိုးရောက်လာတော့
သူက အေးအေးဆေးဆေး ဖြေရှင်းနိုင်နေပြီ။
လူတော်တော်များများက
ပြဿနာကို ကြောက်တာ မဟုတ်ဘူး။
အမှားလုပ်မိမှာကို ကြောက်တာ။
ဒါပေမယ့်
အမှားမလုပ်ဖူးတဲ့သူဆိုတာ
အသစ်တစ်ခုကို မကြိုးစားဖူးတဲ့သူလိုပဲ ဖြစ်မှာ။
Gym သွားတဲ့သူက
ကြွက်သားနာမှ ပိုသန်မာလာတယ်။
Business လုပ်တဲ့သူက
ပြဿနာတွေကို ဖြတ်ကျော်မှ ပိုတော်လာတယ်။
ဘဝလည်း အတူတူပဲ။
လွယ်တဲ့လမ်းကို ရွေးတိုင်း
ကိုယ့်ရဲ့ အရည်အချင်းက အရင်နေရာမှာပဲ
ရပ်နေတတ်တယ်။
ပြဿနာတိုင်းက ကိုယ့်ကို ဒုက္ခပေးဖို့
ရောက်လာတာ မဟုတ်ဘူး။
တချို့ပြဿနာတွေက နောက်တစ်ဆင့်တက်ဖို့
သင်ပေးတဲ့ ဆရာတွေ ဖြစ်တယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
