Founder Diary – Lesson #013
တစ်ခါတုန်းက
ဝန်ထမ်းတစ်ယောက် ကျွန်တော့်ဆီ
ရောက်လာတယ်။
ဒီ Project က ကျွန်တော်နဲ့ အဆင်မပြေတော့ဘူး။
ကျွန်တော် မေးလိုက်တယ်။
ဘာကြောင့် အဆင်မပြေတာလဲ?
သူက ပြဿနာကို ရှင်းပြတယ်။
ကျွန်တော် နားထောင်ပြီး ထပ်မေးလိုက်တယ်။
ဒါဆို မင်းစဉ်းစားထားတဲ့ အဖြေက ဘာလဲ?
သူ ခဏငြိမ်သွားတယ်။
ပြီးတော့ အဲဒါတော့ မစဉ်းစားရသေးဘူး။
လူတော်တော်များများက
ပြဿနာကို အချိန်အများကြီးပေးပြီး ပြောကြတယ်။
ဒါပေမယ့်
အဖြေကို စဉ်းစားဖို့တော့ အချိန်နည်းနည်းပဲ
ပေးကြတယ်။
ဥပမာ
ကားတာယာ ပေါက်သွားတယ်ဆိုပါစို့။
တာယာပေါက်တာကို တစ်နာရီလုံး ထိုင်ညည်းနေရင်
ကားက ရှေ့မရောက်ဘူး။
ဒါပေမယ့်
အပိုတာယာလဲမလား?
Workshop ခေါ်မလား?
အကူအညီတောင်းမလား?
အဖြေကို စစဉ်းစားလိုက်တဲ့အချိန်ကစပြီး
ပြဿနာက ဖြေရှင်းဖို့ လမ်းစတွေ ပေါ်လာတယ်။
Business မှာလည်း ဒီလိုပဲ။
ပြဿနာမရှိတဲ့ လုပ်ငန်းဆိုတာ မရှိဘူး။
နေ့တိုင်း
Customer Complaint ရှိမယ်။
Cash Flow အခက်အခဲ ရှိမယ်။
Team ပြဿနာ ရှိမယ်။
ဒါတွေက ပုံမှန်ပဲ။
ကွာခြားတာက
တချို့က ပြဿနာကိုပဲ မြင်တယ်။
တချို့က အဖြေကို စရှာတယ်။
ပြဿနာကို ပြောနိုင်တဲ့သူတွေ အများကြီးရှိတယ်။
ဒါပေမယ့် အဖြေကို ရှာနိုင်တဲ့သူကတော့
တန်ဖိုးပိုရှိတယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
