ရောင်းရနေရုံနဲ့ မလုံလောက်ဘူး။ ဘယ်လောက်ရောင်းမှ အရင်းကျေမယ်ဆိုတာ သိရမယ်။

ရောင်းရနေရုံနဲ့ မလုံလောက်ဘူး။ ဘယ်လောက်ရောင်းမှ အရင်းကျေမယ်ဆိုတာ သိရမယ်။

Founder Diary – Lesson #032

Business တစ်ခု စလုပ်လိုက်ပြီဆိုတာနဲ့

Customer ဝင်လာတယ်။

ရောင်းရတယ်။

ငွေဝင်လာတယ်။

အပေါ်ယံကြည့်ရင်တော့

လုပ်ငန်းက လည်ပတ်နေပြီ။

ဒါပေမယ့်

ကျွန်တော် နောက်ပိုင်းမှ သိလာတဲ့

မေးခွန်းတစ်ခုရှိတယ်။

ဒီလုပ်ငန်းက တစ်လကို ဘယ်လောက်ရောင်းမှ

အရင်းကျေမှာလဲ၊ အရှုံးမပေါ်မှာလဲ?

ဒီမေးခွန်းကို မဖြေနိုင်ရင်

Business က အလုပ်လုပ်နေပေမယ့်

တကယ်အဆင်ပြေနေလားဆိုတာ မသိနိုင်ဘူး။

ဥပမာ

ဆိုင်တစ်ဆိုင်မှာ တစ်လကို

ဆိုင်ခန်းငှားခ၊

ဝန်ထမ်းလစာ၊

Internet၊

မီးဖိုး၊

Software နဲ့ တခြားပုံမှန်ကုန်ကျစရိတ်တွေ ပေါင်းပြီး

Fixed Cost = ၃၀ သိန်း

ရှိတယ်ဆိုပါစို့။

ရောင်းတဲ့ Product တစ်ခုချင်းစီကနေ

ကုန်ကျစရိတ်တွေ နုတ်ပြီး

တစ်ခုရောင်းတိုင်း ၃ သိန်း ကျန်တယ်ဆိုရင်

အနည်းဆုံး

တစ်လ ၁၀ ခု ရောင်းနိုင်မှ

၃၀ သိန်း Fixed Cost ကို ကာမိမယ်။

အဲဒီ ၁၀ ခုအထိက

Business Owner အတွက် အမြတ်မဟုတ်သေးဘူး။

Business အသက်ရှင်ဖို့ လိုအပ်တဲ့ ရောင်းအားပဲ။

၁၁ ခုမြောက်ကစပြီးမှ

အမြတ်ဘက်ကို စဝင်လာမယ်။

ဒါကို

Break-even Point လို့ ခေါ်တယ်။

ဒီ Concept ကို သိလာတဲ့နောက်မှာ

ဒီလ အရောင်းကောင်းလား?

ဆိုတာမျိုး မေးတာထက်

Break-even ကျော်ပြီလား?

ဆိုတာကို ပိုစိတ်ဝင်စားလာတယ်။

ဘာကြောင့်လဲဆိုတော့

တစ်လ ၈ ခု ရောင်းထားတဲ့သူနဲ့

တစ်လ ၁၂ ခု ရောင်းထားတဲ့သူဟာ

အပေါ်ယံကြည့်ရင်

နှစ်ယောက်စလုံး အရောင်းရှိနေတယ်။

ဒါပေမယ့်

တစ်ယောက်က Fixed Cost တောင်

မကာနိုင်သေးဘူး။

နောက်တစ်ယောက်ကတော့

အမြတ်စရနေပြီ။

ဒီလိုပဲ

လုပ်ငန်းအသစ်တစ်ခု စမလား?

ဆိုင်ခွဲအသစ် ဖွင့်မလား?

ဝန်ထမ်းအသစ် ခန့်မလား?

ရုံးခန်းပိုကြီးတာ ပြောင်းမလား?

ဆိုတာတွေ ဆုံးဖြတ်တဲ့အခါ

ကုန်ကျစရိတ် ဘယ်လောက်တက်လာမလဲ?

ဆိုတာနဲ့အတူ

အဲဒီကုန်ကျစရိတ်ကို ကာဖို့ နောက်ထပ် ဘယ်လောက်ရောင်းရမလဲ?

ဆိုတာကိုပါ တွက်ကြည့်ဖို့ လိုတယ်။

ကျွန်တော် နောက်ပိုင်းမှာ နားလည်လာတာက

Business မှာ အရေးကြီးတာက

ရောင်းချနိုင်ခြင်း တစ်ခုတည်း မဟုတ်ဘူး။

ဘယ်လောက်ရောင်းရမှ

အရင်းကျေမလဲကို သိခြင်း ကလည်း

အရေးကြီးတယ်။

Founder တစ်ယောက်ဟာ Sales Target ရှိရုံနဲ့

မလုံလောက်ဘူး။

Break-even Point ကိုလည်း သိထားရမယ်။

ဘာကြောင့်လဲဆိုတော့

ဘယ်လောက်ရောင်းရင် အရင်းကျေမလဲဆိုတာ

သိမှဘယ်လောက်ရောင်းရင်

တကယ်အမြတ်ရမလဲဆိုတာ သိနိုင်မှာပါ။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!