Founder Diary – Lesson #031
အရင်တုန်းက ကျွန်တော်က
ဘယ်လောက်ရောင်းရလဲ ကို အရင်ကြည့်တယ်။
ဒါပေမယ့် နောက်ပိုင်းမှာ
ပစ္စည်းတစ်ခုချင်းစီကို
သီးသန့်တွက်ကြည့်ဖို့ လိုလာတယ်။
ဘာကြောင့်လဲဆိုတော့
အရောင်းရှိတိုင်း အမြတ်ရှိတာ မဟုတ်ဘူး။
ဥပမာ
ပစ္စည်းတစ်ခုကို
၁၀ သိန်းနဲ့ ရောင်းတယ်ဆိုပါစို့။
ဝယ်ဈေးက ၈ သိန်း။
ကြည့်လိုက်ရင်
၂ သိန်းမြတ်တယ် လို့ ထင်ရတယ်။
ဒါပေမယ့်
ရောင်းဖို့အတွက် ပို့ဆောင်ခရှိတယ်။
Packaging ရှိတယ်။
ဝန်ထမ်းစရိတ် ရှိတယ်။
Marketing စရိတ်ရှိတယ်။
တခြားအထွေထွေ စရိတ်တွေရှိတယ်။
အဲဒီပစ္စည်းကို ရောင်းတိုင်း ကုန်ကျတဲ့
ကုန်ကျစရိတ်တွေကို ထည့်တွက်လိုက်ရင်
တကယ်ကျန်တဲ့ငွေက
၂ သိန်းအပြည့် မဟုတ်တော့ဘူး။
ဒီပစ္စည်း ရောင်းရင် ငွေဘယ်လောက်ဝင်လဲ?
ဆိုတဲ့မေးခွန်းထက်
ဒီပစ္စည်းတစ်ခု ရောင်းလိုက်တိုင်း Business အတွက်
ဘယ်လောက်ကျန်ပေးလဲ?
ဆိုတာက ပိုအရေးကြီးတယ်။
ဒါကို နားလည်လာတဲ့အခါ
ပစ္စည်းတွေကို တစ်မျိုးတည်း မမြင်တော့ဘူး။
တချို့ပစ္စည်းတွေက
အရောင်းအရမ်းကောင်းတယ်။
ဒါပေမယ့် ကိုယ့်အတွက် ကျန်တာနည်းတယ်။
တချို့ပစ္စည်းတွေက
အရောင်းအရမ်းမကောင်းဘူး။
ဒါပေမယ့် တစ်ခုရောင်းတိုင်း
Business အတွက် ကိုယ့်အတွက်
သိသိသာသာကျန်တယ်။
ရောင်းအားအကောင်းဆုံး Product က အမြဲတမ်း
အမြတ်အများဆုံးကျန်တဲ့ Product မဟုတ်ဘူး
ဆိုတာ သိလာတယ်။
ဒါကြောင့်
အခုဆိုရင် Product တစ်ခုကို စီမံတဲ့အခါ
ဘယ်လောက် ရောင်းရမလဲ?
တစ်ခုတည်း မကြည့်တော့ဘူး။
တစ်ခုရောင်းတိုင်း ဘယ်လောက်ကျန်လဲ?
အဲဒီအမြတ်နဲ့ Marketing စရိတ်ကို ကာမိလား?
ဒီ Product ကို ဆက်ရောင်းဖို့ အချိန်နဲ့
အရင်းအနှီးက တန်ရဲ့လား?
ဆိုတာတွေပါ တွက်တယ်။
Founder တစ်ယောက်အနေနဲ့
Business တစ်ခုလုံးရဲ့ အရောင်းကိုပဲ ကြည့်နေရင်
ဘယ် Product က တကယ် Business ကို
ဆွဲတင်ပေးနေလဲ မသိနိုင်ဘူး။
Product တစ်ခုချင်းစီရဲ့ Economics ကို သိလာမှ
ဘယ်ဟာကို ပိုရောင်းမလဲ?
ဘယ်ဟာကို ဈေးပြန်သတ်မှတ်မလဲ?
ဘယ်ဟာကို ရပ်မလဲ?
ဘယ်ဟာကို ပိုပြီး Invest လုပ်မလဲ?
ဆိုတာတွေကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်လာတယ်။
ရောင်းအားကောင်းတာကိုပဲ မကြည့်ပါနဲ့။
တစ်ခါရောင်းလိုက်တိုင်း ကိုယ့် Business အတွက် ဘယ်လောက်အမြတ်တကယ်ကျန်လဲဆိုတာ
သိအောင် ကြည့်ပါ။
Business Finance ဆိုတာ
ငွေဘယ်လောက်ဝင်လဲ သိရုံမဟုတ်ဘူး။
ဘယ်အရာက တကယ်ငွေဖန်တီးပေးနေလဲ
သိနိုင်တာမျိုးပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
