Founder Diary – Lesson #009
တပည့်တစ်ယောက် လာမေးဖူးတယ်။
ဆရာ ကျွန်တော် လစာတိုးချင်တယ်။ ဘာလုပ်ရမလဲ?
ကျွန်တော် ပြန်မေးလိုက်တယ်။
ကုမ္ပဏီအတွက် မင်းက ဘာတန်ဖိုး ဖန်တီးပေးနေလဲ?
ဥပမာ
ဝန်ထမ်း A နဲ့ ဝန်ထမ်း B ရှိတယ်။
နှစ်ယောက်လုံး အလုပ်ချိန် ၈ နာရီ အတူတူလုပ်တယ်။
ဒါပေမယ့်
ဝန်ထမ်း A က သူ့တာဝန်ပြီးရင် ပြီးပြီ။
ဝန်ထမ်း B ကတော့
အလုပ်ပိုမြန်အောင် နည်းလမ်းရှာတယ်။
အမှားတွေ လျော့အောင် လုပ်တယ်။
Customer အဆင်ပြေအောင် စဉ်းစားတယ်။
Team အတွက် ပိုကောင်းတဲ့ အကြံပေးတယ်။
နှစ်ယောက်လုံး ၈ နာရီ လုပ်ပေမယ့်
ကုမ္ပဏီအတွက် ဖန်တီးပေးတဲ့ တန်ဖိုးက မတူဘူး။
Business မှာလည်း အတူတူပဲ။
Customer က ကိုယ့်ဆီက ပစ္စည်းကို
မဝယ်တာ မဟုတ်ဘူး။
သူ့ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ တန်ဖိုး ကို ဝယ်တာ။
ကုမ္ပဏီကလည်း
ဝန်ထမ်းရဲ့ အချိန်ကို ဝယ်တာ မဟုတ်ဘူး။
ကုမ္ပဏီကို ပိုတိုးတက်စေတဲ့ ရလဒ် ကို ဝယ်တာ။
ဒါကြောင့်
လစာတိုးချင်ရင်
ကိုယ့်ကိုယ်ကို
ငါ ဘယ်လောက်အလုပ်လုပ်နေလဲ လို့ မမေးပါနဲ့။
ငါ ဘယ်လောက်တန်ဖိုး ဖန်တီးပေးနေလဲလို့
မေးကြည့်ပါ။
ဝင်ငွေတိုးချင်ရင် အလုပ်ချိန်ထက်
ကိုယ့်ရဲ့ တန်ဖိုးကို တိုးအောင်လုပ်ပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
