လုပ်ငန်းတွေ များလာတာနဲ့ Risk လျော့သွားတာ မဟုတ်ဘူး။

လုပ်ငန်းတွေ များလာတာနဲ့ Risk လျော့သွားတာ မဟုတ်ဘူး။

Founder Diary – Lesson #037

အရင်တုန်းက ကျွန်တော်တွေးခဲ့ဖူးတာတစ်ခုရှိတယ်။လုပ်ငန်းတစ်ခုတည်းကို အားကိုးထားတာထက်

လုပ်ငန်းအမျိုးမျိုးရှိရင် ပို Safe ဖြစ်မယ်ပေါ့။

အယူအဆက မှားတာတော့ မဟုတ်ဘူး။

လုပ်ငန်းတစ်ခု အဆင်မပြေရင်

နောက်တစ်ခုက ထောက်ပံ့ပေးနိုင်တယ်။

ဒါကြောင့်

လုပ်ငန်းတစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ သုံးခု

မတူတဲ့ Business တွေကို စလုပ်ဖြစ်လာတယ်။

အစပိုင်းမှာတော့ ဒါက Diversification ပဲ

လို့ ထင်ခဲ့တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ

တစ်ခုသတိထားမိလာတယ်။

လုပ်ငန်းတွေက နာမည်မတူဘူး။

Product မတူဘူး။

Customer မတူဘူး။

ဒါပေမယ့်

အားလုံးက Founder တစ်ယောက်တည်းကိုပဲ

မှီခိုနေရင် ဘာဖြစ်မလဲ?

ဆုံးဖြတ်ချက်တိုင်း ကိုယ်ချရတယ်။

ပြဿနာတိုင်း ကိုယ်ဝင်ဖြေရှင်းရတယ်။

ငွေကြေးလိုအပ်ရင် ကိုယ်ပဲ ထည့်ရတယ်။

Marketing ကိုယ်ကြည့်ရတယ်။

လူတွေကိုလည်း ကိုယ်စီမံရတယ်။

အဲဒီအခါ

Business ၅ ခု ရှိနေပေမယ့်

Risk ၅ နေရာခွဲထားတာ မဟုတ်တော့ဘူး။

Risk အားလုံးက Founder တစ်ယောက်တည်းဆီ

ပြန်စုနေတယ်။

ဥပမာ

ဆိုင် ၃ ဆိုင် ရှိတယ်ဆိုပါစို့။

အပြင်ကကြည့်ရင်

Income Source သုံးခုရှိတယ်။

Diversified ဖြစ်နေသလိုပဲ။

ဒါပေမယ့်

ဆိုင်သုံးဆိုင်စလုံးရဲ့ ငှားရမ်းခ၊

ဝန်ထမ်းလစာနဲ့ အရေးပေါ် Cash ကို

လုပ်ငန်းတစ်ခုက ရတဲ့ငွေနဲ့ပဲ

အမြဲဖြည့်နေရတယ်ဆိုရင်

အဲဒီလုပ်ငန်းတစ်ခု ပြဿနာတက်တဲ့နေ့မှာ

သုံးဆိုင်လုံး တစ်ပြိုင်နက် ထိနိုင်တယ်။

ဒါကို Diversification လို့ ပြောဖို့ ခက်သွားပြီ။

Diversification ဆိုတာ

အရေအတွက်များအောင် လုပ်တာမဟုတ်ဘူး။

တစ်ခုပြိုလဲသွားတဲ့အခါ

တခြားတစ်ခုပါ လိုက်မပြိုလဲအောင်

တည်ဆောက်ထားတာ။

Business မှာလည်း ဒီလိုပဲ။

Finance မှာလည်း ဒီလိုပဲ။

ပိုင်ဆိုင်မှုအားလုံးကို

Business တစ်ခုထဲ ထည့်ထားတာနဲ့

တချို့ကို Cash၊

တချို့ကို Business၊

တချို့ကို Stock၊

တချို့ကို တခြား Asset တွေမှာ ခွဲထားတာ

Risk Structure ချင်း မတူဘူး။

အရေးကြီးတာက

များများပိုင်ဖို့ မဟုတ်ဘူး။

တစ်ခုဖြစ်ရင် အကုန်မဖြစ်ဖို့ပါ။

ဒါကြောင့် နောက်ပိုင်းမှာ

Opportunity အသစ်တွေ့တိုင်း

ဒါလည်းလုပ်မယ် ဆိုပြီး မစတော့ဘူး။

ဒီအရာက လက်ရှိရှိပြီးသား Risk ကို

တကယ်ခွဲပေးမှာလား?

ဒါမှမဟုတ် Risk အသစ်တစ်ခု ထပ်ယူနေတာလား?

ဒီမေးခွန်းနှစ်ခုရဲ့ အဖြေက

လုံးဝမတူပါဘူး။

Diversification ဆိုတာ အရာတွေ အများကြီး ပိုင်

ထားခြင်းမဟုတ်ဘူး။

တစ်ခုလဲသွားရင် အားလုံးလိုက်မလဲအောင် တည်ဆောက်ထားခြင်းပါ။

Founder တစ်ယောက်အတွက်

Growth က ဘယ်လောက်များများ

တည်ဆောက်နိုင်လဲဆိုတာကို ပြတယ်။

Risk Management ကတော့ တစ်ခုခုမှားသွားရင်

ဘယ်လောက်အထိ ဆက်ရပ်တည်နိုင်လဲဆိုတာကို

ပြတယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!