Founder Diary – Lesson #004
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
ကျွန်တော်ထင်ခဲ့တာတစ်ခုရှိတယ်။
စျေးသက်သာရင် ရောင်းရလွယ်မယ်။
ဒါကြောင့် စျေးလျှော့တယ်။
အပိုတွေပေးတယ်။
အမြတ်နည်းနည်းနဲ့ ရောင်းတယ်။
ဒါပေမယ့်
ရောင်းအားက ထင်သလောက် မတက်ဘူး။
တစ်နေ့တော့ Customer တစ်ယောက်နဲ့
စကားပြောဖြစ်တယ်။
စျေးကြောင့် မဝယ်တာ မဟုတ်ဘူး။
Page ကလည်းအသစ် Follower ကလည်း
သိပ်မရှိတော့ မယုံကြည်လို့ အရင်က မဝယ်ဖြစ်တာ
နောက်ပိုင်း ပိုင်ရှင်ကိုယ်တိုင်
ထွက်ရောင်းပြတဲ့ Video တွေတင်တာတွေ့တော့မှ
ဝယ်ဖြစ်တာလို့ ပြောပြတယ်။
သူပြောတဲ့ စကားက ကျွန်တော့်အမြင်ကို
ပြောင်းသွားစေတယ်။
အဲဒီနေ့ကစပြီး
စျေးလျှော့ဖို့ထက် ယုံကြည်မှုတည်ဆောက်ဖို့
အချိန်ပိုပေးခဲ့တယ်။
ကိုယ်သိတာတွေ မျှဝေတယ်။
Customer မေးတာတွေ သေချာဖြေတယ်။
ရောင်းပြီးရင်လည်း အဆက်အသွယ်မပြတ်အောင်
လုပ်တယ်။
တဖြည်းဖြည်းနဲ့
ရောင်းတာထက် ယုံကြည်မှုကို တည်ဆောက်တယ်။
အဲ့ဒီ့နောက်မှာ ရောင်းအားက
တဖြည်းဖြည်းလိုက်လာတယ်။
ဥပမာ
ဆိုင်နှစ်ဆိုင်ရှိတယ်ဆိုပါစို့။
ဆိုင် A က ၁၀% စျေးသက်သာတယ်။
ဆိုင် B က စျေးနည်းနည်းပိုများတယ်။
ဒါပေမယ့် ဆိုင် B ကို လူတွေက Review ကောင်းတယ်၊
Service ကောင်းတယ်၊ Owner ကို ယုံကြည်တယ်လို့
သိထားတယ်။
သင်ဆိုရင် ဘယ်ဆိုင်မှာ ဝယ်မလဲ။
လူအများစုက
ယုံကြည်ရတဲ့ ဆိုင်ကိုပဲ ရွေးကြတယ်။
Business မှာ လူတွေက စျေးနှုန်းကို အရင်မဝယ်ဘူး။ ယုံကြည်မှုကို အရင်ဝယ်တယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
