Founder Diary – Lesson #024
Business လုပ်လာတာ နည်းနည်းအဆင်ပြေလာတော့
ဝင်ငွေလည်း တက်လာတယ်။
အဲဒီနောက်
မလိုအပ်တဲ့ အသုံးစရိတ်တွေလည်း
တဖြည်းဖြည်း တက်လာတယ်။
ရုံးခန်း ပိုကြီးချင်လာတယ်။
ပစ္စည်းအသစ်တွေ ဝယ်ချင်လာတယ်။
ဒီလလည်း ဝင်ငွေကောင်းတယ်လေ
ဆိုပြီး ဆုံးဖြတ်ချက်တွေ ချခဲ့ဖူးတယ်။
ဒါပေမယ့်
တစ်လလောက် အရောင်းအေးသွားတာနဲ့
ဖိအားတွေ စလာတယ်။
ငှားရမ်းခ
ဝန်ထမ်းလစာ
လစဉ်ပေးရတဲ့ အသုံးစရိတ်တွေကတော့
အရင်အတိုင်းပဲ။
ဒါပေမယ့်
ဝင်ငွေက လျော့သွားပြီ။
Business ကို ဖိအားပေးတာ
ဝင်ငွေနည်းတာတစ်ခုတည်း မဟုတ်ဘူး။
မလိုအပ်တဲ့ အသုံးစရိတ်တွေ
များနေတာကြောင့်လည်း ဖြစ်တတ်တယ်။
ဥပမာ
လူနှစ်ယောက် တစ်လကို
၁၀ သိန်းစီ ဝင်တယ်ဆိုပါစို့။
တစ်ယောက်က
အသုံးစရိတ် ၉ သိန်း ရှိတယ်။
နောက်တစ်ယောက်က
အသုံးစရိတ် ၅ သိန်းပဲ ရှိတယ်။
ဝင်ငွေက တူတူပဲ။
ဒါပေမယ့်
ရုတ်တရတ် ၂ယောက်လုံးအတူတူ
ဝင်ငွေနည်းသွားမယ်ဆိုပါစို့။
ဘယ်သူက ပိုခံနိုင်ရည်ရှိလဲဆိုတာ ကွာသွားတယ်။
အဲလိုနဲ့ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။
ဝင်ငွေတိုးအောင် ကြိုးစားမယ်။
ဒါပေမယ့်
အသုံးစရိတ်တိုးဖို့တော့ သေချာစဉ်းစားမယ်။
Business ကို ကြီးထွားစေတာ
ဝင်ငွေတိုးတာတစ်ခုတည်း မဟုတ်ဘူး။
အသုံးစရိတ်ကို ထိန်းနိုင်တာလည်း အရေးကြီးတယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
