သဘောကောင်းရုံနဲ့ Leader ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး

သဘောကောင်းရုံနဲ့ Leader ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး

Founder Diary – Lesson #018

ကျွန်တော် အရင်တုန်းက

လူတိုင်းကို အားနာတတ်တယ်။

ဝန်ထမ်းနောက်ကျရင်

နောက်တစ်ခါတော့ မလုပ်နဲ့နော် ဆိုပြီးပဲ

ပြောတယ်။

အလုပ်မပြီးရင်လည်း

ရပါတယ်၊ ကျွန်တော်ပဲ ဆက်လုပ်လိုက်မယ်လို့ပဲ

တွေးခဲ့တယ်။

အဲဒီတုန်းကဒါကို

သဘောကောင်းတာ၊စေတနာထားတာလို့ပဲ

ထင်ခဲ့မိတယ်။

ဒါပေမယ့်

အချိန်ကြာလာတော့

အဖွဲ့ရဲ့ စည်းကမ်းက လျော့လာတယ်။

တာဝန်ယူစိတ်ကလည်း နည်းလာတယ်။

နောက်ဆုံးပင်ပန်းရတာက

ကျွန်တော်တစ်ယောက်တည်း

ဖြစ်လာတယ်။

တစ်နေ့

အတွေ့အကြုံရှိတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့

ဆုံလို့ ရင်ဖွင့်ကြည့်တယ်။

သူပြောတာက

သဘောကောင်းတာက မမှားဘူး။

ဒါပေမယ့် Leader ကောင်းတစ်ယောက်ဆိုတာ

လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ ဆုံးဖြတ်ချက်ကို

ပြတ်ပြတ်သားသား ချနိုင်ရတယ်။

အဲဒီစကားက

ကျွန်တော့် Leadership ကို ပြောင်းလဲသွားစေတယ်။

ဥပမာ

ဘောလုံးအသင်းတစ်သင်းမှာ

Coach က လူတိုင်းကိုအားနာပြီး

အမှားမထောက်ပြရင်

အဲဒီအသင်း အနိုင်ရမှာ မဟုတ်ဘူး။

တစ်ခါတလေ

အမှားကို ထောက်ပြရတယ်။

စည်းကမ်းကို ထိန်းရတယ်။

ဒါဟာ လူကို မုန်းလို့ မဟုတ်ဘူး၊

အသင်းကို နိုင်စေချင်လို့ပါ။

Business မှာလည်း ဒီလိုပဲ။

Leader ကောင်းတစ်ယောက်က

လူတိုင်းကို ကျေနပ်အောင်

လုပ်ပေးနိုင်မှာ မဟုတ်ဘူး။

ဒါပေမယ့်အဖွဲ့တစ်ခုလုံး တိုးတက်ဖို့အတွက်

တရားမျှတပြီး လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို

ချနိုင်ရတယ်။

သဘောကောင်းတာ ကောင်းပါတယ်။

ဒါပေမယ့် Leader ကောင်းတစ်ယောက်

ဖြစ်ချင်ရင်တော့ တစ်ခါတလေ အားနာစိတ်ထက်

တာဝန်ယူစိတ်နဲ့ အဖွဲ့အစည်း အနာဂတ်ကို

ပိုပြီး ရွေးချယ်ရတယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!