အမြတ်ခွဲယူဖို့ပဲ စဉ်းစားနေရင်တော့ Partner ကောင်းမဖြစ်နိုင်ဘူး။

အမြတ်ခွဲယူဖို့ပဲ စဉ်းစားနေရင်တော့ Partner ကောင်းမဖြစ်နိုင်ဘူး။

Founder Diary – Lesson #048

Business လုပ်လာတာ ကြာလာတော့

တစ်ယောက်တည်းလုပ်တာထက်

Partner နဲ့လုပ်ရတဲ့အချိန်တွေ ရှိလာတယ်။

Capital ပေါင်းတယ်။

အတွေ့အကြုံ ပေါင်းတယ်။

Network ပေါင်းတယ်။

တစ်ယောက်မနိုင်တဲ့အလုပ်ကို

နှစ်ယောက်၊ သုံးယောက်နဲ့ ပိုမြန်မြန်လုပ်နိုင်တယ်။

အစပိုင်းမှာတော့

Partner ရွေးတဲ့အခါ

ကျွန်တော်တို့ အများဆုံးကြည့်တတ်တာက

ဒီလူနဲ့ အလုပ်တွဲလုပ်လို့ရမလား?ဆိုတာပဲ။

ဒါပေမယ့်

နောက်ပိုင်းမှာ သိလာတာက

ဒီမေးခွန်းတစ်ခုတည်းနဲ့ မလုံလောက်ဘူး။

Business အဆင်ပြေနေတဲ့အချိန်မှာ

Partner ဖြစ်ရတာ လွယ်တယ်။

ရောင်းအားကောင်းတယ်။

အမြတ်ရှိတယ်။

အားလုံးပျော်နေကြတယ်။

ပြဿနာမရှိသေးဘူး။

တကယ်စမ်းသပ်ခံရတာက

Business မကောင်းတဲ့အချိန်။

နောက်ထပ် Capital ထည့်ရမယ့်အချိန်။

ဆုံးရှုံးမှုကို ဘယ်လိုခံမလဲဆိုတာ ဆုံးဖြတ်ရမယ့်အချိန်။

Business ကို ဆက်လုပ်မလား?

ရပ်မလား? ဆိုတာ ရွေးရမယ့်အချိန်။

အဲဒီအချိန်မှာမှ

Partner တွေရဲ့ အမြင်မှန်က

တကယ်ပေါ်လာတတ်တယ်။

ဥပမာ

Partner နှစ်ယောက် Business တစ်ခု စတယ်။

တစ်ယောက်က အမြတ်အများဆုံး ရဖို့

မြန်မြန်ချဲ့ရမယ် လို့မြင်တယ်။

နောက်တစ်ယောက်က အန္တရာယ်နည်းနည်းနဲ့ တဖြည်းဖြည်းသွားမယ် လို့မြင်တယ်။

နှစ်ယောက်စလုံး မမှားဘူး။

ဒါပေမယ့်

ရည်ရွယ်ချက် မတူဘူး။

ဒီလို Difference ကို အစကတည်းက မပြောထားရင်

Business မကောင်းတဲ့အချိန်မှာမှ

ပြဿနာကြီးတစ်ခုအဖြစ် ပေါ်လာတတ်တယ်။

နောက်တစ်ခုက

Share ကို 50/50 ခွဲထားတာနဲ့

တာဝန်ကလည်း 50/50 ဖြစ်နေမယ်လို့ မဆိုလိုဘူး။

တစ်ယောက်က နေ့တိုင်းလုပ်ငန်းထဲမှာ ရှိတယ်။

တစ်ယောက်က Capital ပဲထည့်ထားတယ်။

တစ်ယောက်က Customer ရှာတယ်။

တစ်ယောက်က Operation ကြည့်တယ်။

အဲဒီ Contribution တွေကို

အစကတည်းက မရှင်းထားရင်

တစ်ချိန်မှာ ငါက ပိုလုပ်နေရတယ်

ငါက ပိုထည့်ထားတာ

ဆိုတဲ့ခံစားချက်တွေ ဝင်လာတတ်တယ်။

အဲဒီခံစားချက်တွေက

စာရင်းထဲမှာ မပေါ်ဘူး။

ဒါပေမယ့်

Partnership ကို အတွင်းကနေ ဖျက်နိုင်တယ်။

ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်မြင်လာတာက

Partner နဲ့စလုပ်ခါနီးမှာ

အမြတ်ဘယ်လိုခွဲမလဲဆိုတာလောက်ပဲ

မဆွေးနွေးသင့်ဘူး။

ဘယ်သူ ဘာတာဝန်ယူမလဲ?

Capital ထပ်လိုရင် ဘယ်လိုလုပ်မလဲ?

Loss ဖြစ်ရင် ဘယ်လိုခံမလဲ?

အရေးကြီးဆုံး Decision ကို ဘယ်သူချမလဲ?

တစ်ယောက်ထွက်ချင်ရင် Share ကို ဘယ်လိုလုပ်မလဲ?

Business ကို ပိတ်ရမယ့်အခြေအနေဆို

ဘာလုပ်ကြမလဲ?

ဒီလို မပျော်စရာကိစ္စတွေကိုပါ

Business မစခင် ပြောထားသင့်တယ်။

ဘာကြောင့်လဲဆိုတော့အဆင်ပြေနေတဲ့အချိန်မှာ

စည်းမျဉ်းမလိုသလို ထင်ရတတ်တယ်။

ပြဿနာဖြစ်လာတဲ့အချိန်မှာတော့

စည်းမျဉ်းအသစ် ထိုင်ညှိဖို့ နောက်ကျသွားနိုင်တယ်။

Partner ကောင်းတစ်ယောက်ဆိုတာ

ကိုယ်နဲ့ အမြဲတမ်းသဘောထားတူနေနိုင်တဲ့သူ

မဟုတ်ဘူး။

သဘောမတူတဲ့အချိန်မှာတောင်

Business ရဲ့အကျိုးအတွက် ရှင်းရှင်းလင်းလင်း ဆွေးနွေးနိုင်တဲ့သူ။

ပိုက်ဆံရှိတဲ့အချိန်မှာပဲ အတူရှိတာမဟုတ်ဘဲ

ပြဿနာရှိတဲ့အချိန်မှာလည်း

ကိုယ့်တာဝန်ကို ကိုယ်ယူနိုင်တဲ့သူ။

အဲဒါက ပိုအရေးကြီးတယ်။

Partner ရွေးတဲ့အခါ Capital ဘယ်လောက်ထည့်

နိုင်လဲဆိုတာတစ်ခုတည်း မကြည့်ပါနဲ့။

ရည်ရွယ်ချက်တူလား၊ တာဝန်ယူပုံတူလား၊

ပြဿနာဖြစ်တဲ့အချိန်မှာ

ဘယ်လိုဆုံးဖြတ်မလဲဆိုတာပါ ကြည့်ပါ။

ဘာကြောင့်လဲဆိုတော့

ကောင်းတဲ့ Partnership ကို အမြတ်ရှိတဲ့အချိန်က

မစမ်းသပ်ဘူး။

မျှော်မှန်းထားသလို မဖြစ်တဲ့အချိန်မှာပဲ တကယ်

စမ်းသပ်တယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!