Founder Diary – Lesson #030
အမြတ်ရလာရင် အဲဒီအမြတ်ကို
ကိုယ့်အတွက် ပြန်သုံးချင်တာက
သဘာဝပါပဲ။
ဒီလ အမြတ်ကောင်းတယ်။
ဒါဆို ဒီတစ်ခါတော့ ကိုယ့်အတွက် တစ်ခုခု ဝယ်မယ်။
ဆိုတာမျိုး ဖြစ်တတ်တယ်။
ကျွန်တော်လည်း အဲဒီလိုစဉ်းစားခဲ့ဖူးတယ်။
ဒါပေမယ့်
Business ကို ရေရှည်ကြီးထွားအောင်
လုပ်ချင်လာတဲ့အခါ
မေးခွန်းတစ်ခု စမေးဖြစ်လာတယ်။
ဒီအမြတ်ကို အခုသုံးလိုက်တာနဲ့
နောက်နှစ်မှာ ပိုများတဲ့အမြတ် ရနိုင်မယ့်
အခွင့်အရေးကို ဆုံးရှုံးသွားမလား?
အဲဒီမေးခွန်းက
ကျွန်တော့်ရဲ့ အမြတ်ကိုအသုံးချတဲ့ပုံစံကို
ပြောင်းလဲစေခဲ့တယ်။
ဥပမာ
ဒီနှစ် Business ကနေ
အမြတ် သိန်း ၁၀၀ ရတယ်ဆိုပါစို့။
အဲဒီသိန်း ၁၀၀ ကို အကုန်ထုတ်သုံးလိုက်ရင်
ဒီနှစ်မှာတော့ ကိုယ့်အတွက် အကျိုးရှိမယ်။
ဒါပေမယ့်
အဲဒီထဲက သိန်း ၃၀ ကို
Stock ပိုများအောင် ထည့်လိုက်မယ်။
သိန်း ၂၀ ကို Marketing မှာ ထည့်မယ်။
သိန်း ၂၀ ကို Technology / System
ပိုကောင်းအောင် သုံးမယ်။
ဆိုရင်
အဲဒီငွေတွေက နောက်နှစ်မှာ Business က
ပိုဝင်ငွေရှာနိုင်အောင် ကူညီပေးနိုင်တယ်။
အမြတ်ဆိုတာ သုံးဖို့ပဲ ရတာမဟုတ်ဘူး။
တစ်ချို့အမြတ်တွေက
နောက်ထပ် အမြတ်တွေ ဖန်တီးဖို့ ပြန်သုံးရတယ်။
ဒါကိုပဲ
Reinvestment လို့ ခေါ်တယ်။
သစ်ပင်တစ်ပင် စိုက်တယ်ဆိုပါစို့။
အသီးသီးလာတိုင်း
အသီးအားလုံးကို ခူးစားလိုက်ပြီး
အပင်ကို ဘာမှ ပြန်မပြုစုဘူးဆိုရင်
တစ်ချိန်မှာ အသီးထွက်နှုန်း ကျလာနိုင်တယ်။
Business လည်း ဒီလိုပါပဲ။
အမြတ်ကို အကုန်ထုတ်ယူနေမယ်ဆိုရင်
Business ရဲ့ Growth Engine ကို
အားဖြည့်ပေးဖို့ ငွေမကျန်တော့ဘူး။
အခုဆို အမြတ်ရလာတဲ့အခါ
ဘယ်လောက် သုံးမလဲ? ဆိုတာထက်
ဘယ်လောက်ကို Business ထဲ ပြန်ထည့်ရင်
နောက်ထပ် တန်ဖိုးပိုဖန်တီးနိုင်မလဲ?
ဆိုတာကိုပါ စဉ်းစားတယ်။
ကိုယ့်အတွက်လည်း သုံးပါ။
Business ထဲလည်း ပြန်ထည့်ပါ။
အရေးကြီးတာက
တစ်ခုတည်းအတွက် အကုန်မသုံးဘဲ Balance ရှိဖို့ပါ။
အမြတ်တစ်စိတ်တစ်ပိုင်းကို မှန်ကန်တဲ့နေရာမှာ
ပြန်ရင်းနှီးမြှုပ်နှံနိုင်ရင်
အနာဂတ်မှာ Business က ပိုကြီးထွားလာနိုင်တယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
