Founder Diary – Lesson #040
Business အသစ်တစ်ခု စမယ်ဆိုတဲ့အခါ
ပထမဆုံး မေးတတ်ကြတာက
ဘယ်လောက်မြတ်မလဲ?
ကျွန်တော်လည်း အရင်က ဒီမေးခွန်းကိုပဲ
အဓိကထားခဲ့ဖူးတယ်။
သိန်း ၅၀ မြတ်မယ်။
သိန်း ၁၀၀ မြတ်မယ်။
တစ်နှစ်ကို ဘယ်လောက် Return ရမယ်။
ဒီနံပါတ်တွေက အရေးကြီးပါတယ်။
ဒါပေမယ့်
Business တွေ ပိုလုပ်လာတဲ့အခါ
နောက်ထပ်မေးခွန်းတစ်ခုကို ထည့်မေးဖြစ်လာတယ်။
ငါထည့်လိုက်တဲ့အရင်း ဘယ်လောက်ကြာမှ
ပြန်ရမလဲ?
ဥပမာ
Business A တစ်ခုစဖို့
သိန်း ၃၀၀ လိုတယ်ဆိုပါစို့။
တစ်လကို အသားတင်
၁၀ သိန်းလောက် ပြန်ရနိုင်တယ်။
အခြေအနေအားလုံး မပြောင်းဘူးလို့ ရိုးရိုးတွက်ရင်
အရင်း သိန်း ၃၀၀ ပြန်ရဖို့
လ ၃၀ လောက်ကြာမယ်။
Business B ကတော့
သိန်း ၁၅၀ ထည့်ရတယ်။
တစ်လကို ၁၀ သိန်း ပြန်ရတယ်ဆိုရင်
၁၅ လလောက်နဲ့ အရင်းပြန်ရနိုင်တယ်။
နှစ်ခုစလုံးက
တစ်လ ၁၀ သိန်း မြတ်တာချင်း တူတယ်။
ဒါပေမယ့်
Capital ပြန်လည်ပတ်နိုင်တဲ့ Speed က မတူဘူး။
ဒီအချိန်မှာ နားလည်လာတာတစ်ခုရှိတယ်။
ပိုက်ဆံကို Business တစ်ခုထဲ ထည့်လိုက်တာနဲ့
အဲဒီ Capital က အဲဒီနေရာမှာ
အချိန်တစ်ခုအထိ ချည်နှောင်ထားခံရတယ်။
အရင်းပြန်မရသေးသရွေ့
အဲဒီငွေနဲ့ နောက်ထပ် Opportunity တစ်ခုကို
အပြည့်အဝ သွားယူလို့မရတော့ဘူး။
ဒါကြောင့်
Return ဘယ်လောက်ရမလဲဆိုတာနဲ့အတူ
Return ရဖို့ ဘယ်လောက်ကြာမလဲဆိုတာပါ
ကြည့်ရတယ်။
ဥပမာ
ဆိုင်ခွဲအသစ်တစ်ခု ဖွင့်မယ်။
Decoration၊ Deposit၊ Equipment၊
Stock တွေအတွက်
သိန်း ၅၀၀ သုံးရမယ်။
တစ်နှစ်မှာ သိန်း ၁၀၀ ပြန်ရမယ်လို့
ခန့်မှန်းထားတယ်။
ကြည့်လိုက်ရင်
မဆိုးဘူးလို့ ထင်ရနိုင်တယ်။
ဒါပေမယ့်
အဲဒီအရင်းပြန်ရဖို့ နှစ်အတော်ကြာမယ်ဆိုရင်
အဲဒီအချိန်အတွင်း
Market ပြောင်းသွားနိုင်တယ်။
ပြိုင်ဘက်အသစ်ဝင်လာနိုင်တယ်။
Customer Behavior ပြောင်းနိုင်တယ်။
Technology ပြောင်းနိုင်တယ်။
ကိုယ်မမျှော်လင့်ထားတဲ့ ပြဿနာတွေ
ဖြစ်လာနိုင်တယ်။
အချိန်ကြာလာလေလေ Uncertainty ကလည်း
များလာလေလေပါပဲ။
ဒါကြောင့် အခုဆို
Investment တစ်ခုလုပ်မယ်ဆိုရင်
ဘယ်လောက်မြတ်မလဲ?
တစ်ခုတည်း မမေးတော့ဘူး။
အရင်းဘယ်တော့ ပြန်ရမလဲ?
အဲဒီအချိန်အတွင်း Capital
ဘယ်လောက်ပိတ်မိနေမလဲ?
မျှော်မှန်းထားတာထက် အရောင်းကျသွားရင် ဘယ်လောက်ပိုကြာနိုင်လဲ?
ဆိုတာတွေပါ တွက်ဖြစ်လာတယ်။
ဒါကို Finance မှာ Payback Period လို့ ခေါ်တယ်။
ဒါပေမယ့်
Payback မြန်တာတစ်ခုတည်းနဲ့
Investment ကောင်းတယ်လို့လည်း
မဆုံးဖြတ်သင့်ဘူး။
Risk၊ Return၊ Cash Flow၊ Growth Potential
အားလုံးနဲ့ တွဲကြည့်ရတယ်။
ဘာကြောင့်လဲဆိုတော့
Business Decision က နံပါတ်တစ်ခုတည်းနဲ့ ဆုံးဖြတ်ရတဲ့အရာ မဟုတ်ဘူး။
Capital ရဲ့တန်ဖိုးက ဘယ်လောက်
Return ရလဲဆိုတာတင် မဟုတ်ဘူး။
ဘယ်လောက်မြန်မြန်
ပြန်လည်ပတ်နိုင်လဲဆိုတာလည်း ပါတယ်။
Founder တစ်ယောက်အတွက်
ဘယ်လောက်မြတ်မလဲ?ကို သိဖို့လိုသလို
ငါ့အရင်း ဘယ်တော့ပြန်ရမလဲ?ကိုလည်း
သိထားဖို့လိုပါတယ်။
အရင်းပြန်ဝင်လာမှ
နောက်ထပ်အခွင့်အရေးတစ်ခုဆီ ပြန်သွားနိုင်တာပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
