Founder Diary – Lesson #023
Laptop နဲ့ ဖုန်းဆိုင် စဖွင့်ခါစတုန်းက
လတိုင်း စာရင်းပိတ်ရင်
ဒီလ အမြတ်ရှိတယ်။
ဆိုပြီး ဝမ်းသာခဲ့ဖူးတယ်။
ဒါပေမယ့်
လကုန်ခါနီးတိုင်း
ငွေရှင်းဖို့ အခက်အခဲ ဖြစ်နေတယ်။
Supplier ကို ပေးရမယ့်ငွေ ရှိတယ်။
ဆိုင်ခန်းငှားခ ရှိတယ်။
ဝန်ထမ်းလစာ ရှိတယ်။
ဒါပေမယ့်
Bank Account ထဲမှာတော့ ငွေက မကျန်ဘူး။
အဲဒီအချိန်မှာ
ကျွန်တော် နားမလည်ခဲ့ဘူး။
အမြတ်ရှိတာပဲ ငွေက ဘာလို့ မရှိတာလဲ?
နောက်မှ
စာရင်းတွေ သေချာပြန်ကြည့်ပြီးမှ
နားလည်လာတယ်။
Profit နဲ့ Cash က မတူဘူး။
Laptop တွေ ဝယ်ထားတဲ့ Stock ထဲမှာ
ငွေတွေ ပိတ်မိနေတယ်။
Customer တချို့ဆီက
အကြွေးရဖို့ရှိနေတယ်။
အမြတ်က စာရင်းထဲမှာ ရှိတယ်။
ဒါပေမယ့်
သုံးလို့ရတဲ့ ငွေတော့ မရှိဘူး။
အဲဒီနေ့ကစပြီး
ကျွန်တော်
ဒီလ ဘယ်လောက်မြတ်လဲ ဆိုတာထက်
ဒီနေ့ Bank Account ထဲမှာ သုံးလို့ရတဲ့
Cash ဘယ်လောက်ရှိလဲ ဆိုတာကို ပိုကြည့်ဖြစ်လာတယ်။
Business တစ်ခုရဲ့တက်လမ်းကို ပိတ်စေတာ
အမြတ်မရှိလို့ မဟုတ်ဘဲ
Cash မရှိလို့ ဖြစ်တာက ပိုများတယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
