အမှားလုပ်တဲ့သူကို အပြစ်မတင်ခင် စနစ်ကို အရင်ကြည့်ပါ။

အမှားလုပ်တဲ့သူကို အပြစ်မတင်ခင် စနစ်ကို အရင်ကြည့်ပါ။

Founder Diary – Lesson #020

Business စစချင်းတုန်းက

အမှားတစ်ခုဖြစ်တိုင်း

ကျွန်တော် အရင်ဆုံး မေးတာက

ဒါကို ဘယ်သူလုပ်တာလဲ?

တစ်ယောက်ယောက်ရဲ့ နာမည် ထွက်လာရင်

အဲဒီလူကိုပဲ ပြုပြင်ဖို့ ကြိုးစားတယ်။

ဒါပေမယ့်

အချိန်ကြာလာတော့

တူညီတဲ့ အမှားမျိုးတွေ ထပ်ဖြစ်နေတုန်းပဲ။

လူပြောင်းလည်း ဖြစ်တယ်။

အသစ်ခန့်လည်း ဖြစ်တယ်။

အဲဒီအချိန်မှာ

ကျွန်တော် မေးခွန်းပြောင်းလိုက်တယ်။

ဒီအမှားက ဘာကြောင့် ထပ်ခါထပ်ခါ ဖြစ်နေတာလဲ?

အဖြေက

လူမဟုတ်ဘူး။

စနစ် (System) ဖြစ်နေတယ်။

ဥပမာ

Customer Order တွေ မှားပို့နေတယ်ဆိုပါစို့။

ဝန်ထမ်းကို ဆူလို့

ဒီတစ်ခါတော့ မှန်သွားနိုင်တယ်။

ဒါပေမယ့်

Order Confirm Process မရှိဘူး။

Checklist မရှိဘူး။

Double Check မရှိဘူးဆိုရင်

နောက်တစ်ခါ ထပ်မှားဦးမှာပဲ။

လူတွေက အမှားလုပ်နိုင်တယ်။

ဒါက ပုံမှန်ပဲ။

ဒါပေမယ့်

ကောင်းတဲ့ System ကတော့ အမှားဖြစ်နိုင်ခြေကို

လျှော့ချပေးနိုင်တယ်။

ဒါကြောင့်

အမှားတစ်ခုဖြစ်တိုင်း

လူကိုပဲ အပြစ်တင်တာထက်

အဲဒီအမှား မဖြစ်အောင် System ကို ဘယ်လိုပြင်မလဲ?

ဆိုတာကို ပိုစဉ်းစားလာတယ်။

ကောင်းတဲ့ Founder က

လူကိုပဲ မပြင်ဘူး။

အမှားမဖြစ်အောင် စနစ်ကိုပါ တည်ဆောက်တယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!