အောင်မြင်တဲ့သူတွေက အရင်စလုပ်တယ်။ ပြီးမှ ယုံကြည်မှုရှိလာတယ်။

အောင်မြင်တဲ့သူတွေက အရင်စလုပ်တယ်။ ပြီးမှ ယုံကြည်မှုရှိလာတယ်။

Founder Diary – Lesson #016

တစ်ခါက အသိလူငယ်တစ်ယောက်က

ကျွန်တော့်ကို မေးတယ်။

အစ်ကို ကျွန်တော် IT Project လေးတစ်ခု

စလုပ်ချင်တာ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို

ယုံကြည်မှုမရှိသေးဘူး။ ဘာဆက်လုပ်ရမလဲ?”

ကျွန်တော် ပြန်မေးလိုက်တယ်။

ယုံကြည်မှုရှိမှ စမလား

စပြီးမှ ယုံကြည်မှုရမလား?

သူ ခဏလောက် ငြိမ်သွားတယ်။

လူတော်အများစုက

အဆင်သင့်ဖြစ်မှ စမယ်။

ယုံကြည်မှုရှိမှ လုပ်မယ်။

အတွေ့အကြုံရှိမှ ကြိုးစားမယ်။

လို့ တွေးကြတယ်။

ဒါပေမယ့်

ဘယ်သူမှ စစချင်းမှာ အဆင်သင့် မဖြစ်ခဲ့ကြဘူး။

ဥပမာ

စက်ဘီးစီးသင်တဲ့ ကလေးတစ်ယောက်ကို

စဉ်းစားကြည့်ပါ။

သူ စစချင်းမှာ လဲတယ်။

ထပ်လဲတယ်။

နောက်ထပ်လဲတယ်။

ဒါပေမယ့်

သူက

စီးတတ်မှ စမယ် လို့ မပြောဘူး။

စနေတာကြောင့် စီးတတ်သွားတာ။

Business လည်း ဒီလိုပဲ။

ပထမဆုံး Customer ကို မရောင်းဖူးခင်

ဘယ်သူမှ Sales မတော်ဘူး။

ပထမဆုံး Presentation မလုပ်ဖူးခင်

ဘယ်သူမှ Public Speaking မကျွမ်းကျင်ဘူး။

အတွေ့အကြုံဆိုတာ

လုပ်ပြီးမှ ရလာတာ။

ယုံကြည်မှုဆိုတာ

အနိုင်ယူခဲ့တဲ့ အတွေ့အကြုံတွေ စုလာတဲ့အခါမှ

ဖြစ်လာတာ။

ငါ စဖို့ စောင့်နေတာလား?

ဒါမှမဟုတ် ကြောက်နေတာလား?

အဲဒီအဖြေက

ကိုယ့်ရဲ့ နောက်တစ်ဆင့်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

ယုံကြည်မှုရှိမှ မစပါနဲ့။

စလိုက်ပါ။ ယုံကြည်မှုက လုပ်ရင်းနဲ့

တဖြည်းဖြည်း ရလာလိမ့်မယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!