ဝန်ထမ်းခန့်တာထက် ကိုယ်မရှိလည်း လည်ပတ်နိုင်မယ့် System တည်ဆောက်ဖို့က ပိုခက်တယ်။

ဝန်ထမ်းခန့်တာထက် ကိုယ်မရှိလည်း လည်ပတ်နိုင်မယ့် System တည်ဆောက်ဖို့က ပိုခက်တယ်။

Founder Diary – Lesson #042

Business စလုပ်ခါစမှာ

အလုပ်များလာရင်

ပထမဆုံးဖြေရှင်းနည်းက လူထပ်ခန့်တာပါပဲ။

Customer များလာတယ် မနိုင်တော့ဘူးဆို

လူတစ်ယောက် ထပ်ခန့်တယ်။

စာရင်းမနိုင်တော့ဘူး။

နောက်တစ်ယောက် ထပ်ခန့်တယ်။

Marketing မနိုင်တော့ဘူး။

Marketing အတွက် လူထပ်ထားတယ်။

ဒီလိုနဲ့

ဝန်ထမ်းအရေအတွက် တဖြည်းဖြည်း များလာတယ်။

အရင်တုန်းကတော့

လူများလာတာကို Team ကြီးလာတာလို့

ကျွန်တော် ထင်ခဲ့ဖူးတယ်။

ဒါပေမယ့်

နောက်ပိုင်းမှာ သိလာတာက

နှစ်ခုက မတူဘူး။

လူ ၁၀ ယောက်ရှိပေမယ့်

ကိစ္စတိုင်း Founder ကို မေးနေရတယ်။

ဒါလုပ်လို့ရလား?

ဒီ Customer ကို ဘယ်လိုလုပ်ပေးရမလဲ?

ဒီလောက်သုံးလို့ရလား?

ဒီကိစ္စ ဘယ်လိုဆုံးဖြတ်မလဲ?ဆိုပြီး

အဖြေအားလုံး ကိုယ့်ဆီမှာပဲ ရှိနေရင်

ကိုယ့်မှာ Team ၁၀ ယောက်ရှိတာထက်

ကိုယ့်ဆီက Instruction စောင့်နေတဲ့

လူ ၁၀ ယောက်ရှိနေတာနဲ့ ပိုတူတယ်။

အဲဒီအချိန်မှာ ကျွန်တော် စဉ်းစားပုံ ပြောင်းလာတယ်။

ဝန်ထမ်းတစ်ယောက်ကို

အလုပ်တစ်ခု ဘယ်လိုလုပ်ရမလဲ?

သင်ပေးရုံနဲ့ မလုံလောက်ဘူး။

ဘာကြောင့် ဒီလိုလုပ်ရတာလဲ? ဆိုတာပါ

သိအောင်လုပ်ပေးဖို့ လိုတယ်။

ဘာကြောင့်လဲဆိုတော့

Process ကိုပဲ သိတဲ့လူက

မသင်ထားတဲ့ပြဿနာတစ်ခု တွေ့ရင်

ရပ်သွားတတ်တယ်။

Reason ကို နားလည်တဲ့လူကတော့

အခြေအနေအသစ်တစ်ခု ရောက်လာရင်တောင်

ကိုယ်တိုင် စဉ်းစားနိုင်တယ်။

ဥပမာ

Sales Staff ကို

Discount 5% အထိ ပေးလို့ရတယ်

ဆိုတဲ့ Rule တစ်ခုတည်း သင်ပေးထားရင်

Customer တိုင်းကို 5% လျှော့ပေးနေတာမျိုး

ဖြစ်နိုင်တယ်။

ဒါပေမယ့်

ဘာကြောင့် Discount ပေးတာလဲ?

Margin ဘယ်လောက်ရှိလဲ?

ဘယ် Customer ကို ပေးသင့်လဲ?

ဘယ်အခြေအနေမှာ မပေးသင့်ဘူးလဲ?

Customer ကို ဈေးလျှော့ပေးတာမဟုတ်ဘဲ

တခြား Value ဘာပေးလို့ရသေးလဲ?

ဆိုတာကို နားလည်အောင် သင်ပေးထားရင်

သူက Rule ကို လိုက်နာတဲ့သူ ကနေ

Business ကို စဉ်းစားတတ်တဲ့သူ ဖြစ်လာနိုင်တယ်။

နောက်တစ်ခုက

လူတစ်ယောက်ကို Responsibility ပေးထားပြီး

Decision လုပ်ခွင့် မပေးထားရင်လည်း

အလုပ်မဖြစ်ဘူး။

Result ကတော့ သူ့တာဝန်။

ဒါပေမယ့်

ဆုံးဖြတ်ချက်တိုင်း Founder ကို မေးရတယ်ဆိုရင်

Ownership ဖြစ်လာဖို့ ခက်တယ်။

ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်

စဉ်းစားဖြစ်လာတာက

ဒီလူကို ဘာအလုပ်ပေးမလဲ?

ဆိုတာထက် ဒီလူကို ဘယ်အဆင့်အထိ ကိုယ်တိုင်

ဆုံးဖြတ်ခွင့် ပေးနိုင်မလဲ?ဆိုတာပါ။

အစမှာတော့ အမှားတွေ ရှိမှာပဲ။

ကိုယ်ဆုံးဖြတ်ရင် ၁၀ မိနစ်နဲ့ပြီးမယ့်အရာကို

သူ့ကိုသင်ပေးရင် တစ်နာရီကြာနိုင်တယ်။

တစ်ခါတလေ ကိုယ်ဝင်လုပ်လိုက်တာက ပိုမြန်တယ်။

ဒါပေမယ့်

အမြဲတမ်း ကိုယ်ပဲဝင်လုပ်နေရင်

နောက်တစ်နှစ်လည်း ကိုယ်ပဲ လုပ်နေရဦးမယ်။

ဒီနေ့ တစ်နာရီပေးပြီး သင်ထားလိုက်တာကတော့

နောက်ပိုင်းမှာ ကိုယ့်ရဲ့ နာရီပေါင်းများစွာကို

ပြန်သက်သာစေနိုင်တယ်။

Founder ရဲ့ Growth တစ်ခုတည်းနဲ့ Business ကို

အကြီးကြီး မတည်ဆောက်နိုင်ဘူး။

ကိုယ့်နောက်မှာရှိတဲ့ လူတွေပါ

တစ်ဆင့်ချင်း တိုးတက်လာဖို့လိုတယ်။

ကိုယ်တစ်ယောက်တည်း တော်လာတာက

Individual Growth ပဲ။

ကိုယ့်လူတွေပါ တော်လာပြီး

ကိုယ်မရှိလည်း ဆုံးဖြတ်နိုင်လာတာက

Organizational Growth ဖြစ်လာတယ်။

Founder တစ်ယောက်ရဲ့ အရည်အချင်းကို

သူတစ်ယောက်တည်း ဘယ်လောက်လုပ်နိုင်လဲဆိုတာနဲ့

မတိုင်းသင့်တော့ဘူး။

သူတည်ဆောက်ထားတဲ့လူတွေက သူမရှိတဲ့အချိန်မှာ ဘယ်လောက်လုပ်နိုင်လဲဆိုတာနဲ့ပါ တိုင်းရမယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!