Founder Diary – Lesson #046
Business တွေစတည်ထောင်တုန်းက
အမှားတစ်ခု ဖြစ်ရင်
Founder ကိုယ်တိုင် ဝင်ပြင်လို့ရတယ်။
Customer ၁၀ ယောက်ပဲရှိတဲ့အချိန်မှာ
Customer တစ်ယောက်နဲ့ ပြဿနာဖြစ်ရင်
ကိုယ်တိုင်ဖုန်းဆက်ပြီး ဖြေရှင်းလို့ရတယ်။
Order ၂၀ လောက်ပဲရှိတဲ့အချိန်မှာ
တစ်ခုမှားရင်ချက်ချင်းပြန်ပြင်လို့ရတယ်။
ဒါကြောင့်
အစပိုင်းမှာ တချို့ပြဿနာတွေကို
ဒီလောက်တော့ အဆင်ပြေပါတယ်ဆိုပြီး
ကျော်သွားလို့ရတယ်။
ဒါပေမယ့်
Business ကြီးလာတဲ့အခါ
အဲဒီ သေးသေးလေး တွေက
တကယ်သေးသေးလေးတွေမဟုတ်တော့ဘူး။
ဥပမာ
Order ၁၀၀ မှာ ၅ ခုမှားနေတယ်ဆိုပါစို့။
ကြည့်လိုက်ရင် Error Rate က 5% ပဲ။
အစပိုင်းမှာတော့
လက်ခံနိုင်သလို ထင်ရတယ်။
ဒါပေမယ့်
Business ကြီးလာပြီး
တစ်လ Order ၁၀,၀၀၀ ဖြစ်လာရင်
အဲဒီ 5% က Order ၅၀၀ မှားနေတာ ဖြစ်သွားပြီ။
အရင်တုန်းက လူတစ်ယောက်နဲ့
ပြင်လို့ရတဲ့ ပြဿနာက
အခုတော့ Customer Complaint၊
Return၊ Refund၊ Delivery Cost၊
Staff Time၊ Reputation
အားလုံးကို ထိခိုက်လာနိုင်တယ်။
Scale က ကောင်းတာကိုပဲ မကြီးထွားစေဘူး။
မကောင်းတာကိုလည်း ကြီးထွားစေနိုင်တယ်။
Process ကောင်းရင်
Scale လုပ်လေလေ Result ပိုကောင်းလာတယ်။
Process မှားနေရင်
Scale လုပ်လေလေ အမှားပိုများလာတယ်။
ဒီလိုပဲ
Marketing System ကောင်းရင်
Budget ပိုထည့်တာနဲ့ Customer ပိုရနိုင်တယ်။
ဒါပေမယ့်
Marketing Message မှားနေရင်
Budget ပိုထည့်တာက
မဆိုင်တဲ့ Audience တွေဆီ ပိုမြန်မြန်ရောက်အောင်လုပ်နေတာပဲ ဖြစ်နိုင်တယ်။
Sales Process မှားနေရင်
Sales Staff ပိုခန့်တာက
ပြဿနာကို ဖြေရှင်းတာ မဟုတ်ဘူး။
မှားနေတဲ့ Process ကို လူပိုများများနဲ့
လုပ်နေခြင်း ဖြစ်နိုင်တယ်။
အရင်တုန်းကတော့
Business ကြီးချင်ရင်
ပိုပြီးလုပ်ရမယ်လို့ ထင်ခဲ့တယ်။
လူပိုခန့်မယ်။
Marketing Budget ပိုထည့်မယ်။
ဆိုင်ခွဲပိုဖွင့်မယ်။
Stock ပိုတင်မယ်။
ဒါပေမယ့်
နောက်ပိုင်းမှာတော့
Scale မလုပ်ခင် မေးဖြစ်လာတာတစ်ခုရှိတယ်။
အခုရှိနေတဲ့အရာကို ၁၀ ဆ ကြီးလိုက်ရင်
အဆင်ပြေမှာလား၊ ဒါမှမဟုတ် ပြဿနာ ၁၀ ဆ ဖြစ်သွားမှာလား?
ဒီမေးခွန်းက တော်တော်အသုံးဝင်တယ်။
Business တစ်ခုကို ကြီးအောင်လုပ်မယ့်အစား
အရင်ဆုံး မလိုအပ်တဲ့ Step တွေ ဖြုတ်တယ်။
Error ဖြစ်နေတဲ့နေရာ ပြင်တယ်။
Customer Complaint တွေ ဘာကြောင့်ဖြစ်နေလဲ
ရှာတယ်။
Margin မကောင်းတဲ့ Product တွေ ပြန်ကြည့်တယ်။
Team အတွင်း Communication ပြဿနာတွေ
ဖြေရှင်းတယ်။
ပြီးမှ အလုပ်လုပ်နေတဲ့အရာကို Scale လုပ်တယ်။
ဒါက အိမ်တစ်လုံးဆောက်တာနဲ့လည်း တူတယ်။
Foundation မခိုင်ဘဲ
အပေါ်ထပ်တွေ ဆက်ဆောက်နေမယ်ဆိုရင်
အမြင့်ရောက်လေလေ
Risk ပိုများလာလေလေ။
Business မှာလည်း
Growth က Foundation ရဲ့ ချို့ယွင်းချက်ကို
ဖုံးပေးတာ မဟုတ်ဘူး။
တစ်ချိန်မှာ ပိုထင်ရှားအောင် ပြပေးတတ်တယ်။
Business ကို ကြီးအောင်လုပ်ဖို့ မလောပါနဲ့။
Scale ဆိုတာ ပြဿနာဖြေရှင်းပေးတဲ့အရာ
မဟုတ်ဘူး။
ရှိပြီးသားအရာကို ပိုကြီးအောင် လုပ်ပေးတဲ့အရာပါ။
ဒါကြောင့် ကြီးအောင်မလုပ်ခင်
မှန်အောင်အရင်လုပ်ပါ။
Tayza Ko Ko
(Dragon & Delta Business Enterprise)
