Business ပြိုလဲသွားရင် ပြန်စလို့ရတယ်။ နာမည်ပျက်သွားရင် ပြန်တည်ဆောက်ဖို့ ပိုခက်တယ်။

Business ပြိုလဲသွားရင် ပြန်စလို့ရတယ်။ နာမည်ပျက်သွားရင် ပြန်တည်ဆောက်ဖို့ ပိုခက်တယ်။

Founder Diary – Lesson #047

Business လုပ်လာတဲ့နှစ်တွေကြာလာတော့

ကျွန်တော် သတိထားမိတာတစ်ခုရှိတယ်။

Company နာမည်တွေ ပြောင်းနိုင်တယ်။

Product တွေ ပြောင်းနိုင်တယ်။

လုပ်ငန်းတစ်ခု ပိတ်သွားပြီး

နောက်တစ်ခု ပြန်စနိုင်တယ်။

ဒါပေမယ့်

Founder ရဲ့နာမည်ကတော့

လုပ်ငန်းတစ်ခုတည်းနဲ့ မပြီးဘူး။

ကိုယ်လုပ်ခဲ့တဲ့အရာတွေ၊ ပြောခဲ့တဲ့စကားတွေ၊

လူတွေနဲ့ ဆက်ဆံခဲ့ပုံတွေက

နောက်လုပ်ငန်းအထိ ကိုယ့်နောက်

လိုက်လာတတ်တယ်။

ဥပမာ

Project တစ်ခုမှာ အရှုံးပေါ်တယ်ဆိုပါစို့။

အဲဒီအရှုံးကို ရှောင်ချင်လို့

Supplier ကို မရှင်းတော့ဘူး။

Partner ကို တာဝန်ပုံချတယ်။

Customer ကို အကြောင်းပြချက်တွေ ပေးတယ်။

ရေတိုကြည့်ရင်

ကိုယ့်ငွေကို ကာကွယ်လိုက်နိုင်သလို ဖြစ်နိုင်တယ်။

ဒါပေမယ့်

အဲဒီဆုံးဖြတ်ချက်ကြောင့်

လူတွေက ကိုယ့်ကို မယုံတော့ဘူးဆိုရင်

ဆုံးရှုံးသွားတာက

ဒီ Project ရဲ့ ငွေတင် မဟုတ်တော့ဘူး။

နောက်ထပ် Opportunity တွေပါ ထိခိုက်တယ်။

Business လောကမှာ

လူတစ်ယောက်က ကိုယ့်အကြောင်းကို

တခြားလူတစ်ယောက်ကို ပြောပေးတာ

Advertising တစ်ခုထက်တောင်

အားကောင်းတတ်တယ်။

ဒီလူနဲ့ လုပ်လို့ရတယ်။ ဆိုတဲ့ စကားတစ်ခွန်းက

တံခါးတစ်ခု ဖွင့်ပေးနိုင်တယ်။

တစ်ဖက်မှာ သတိထားနော်၊ ဒီလူက

ဆိုတဲ့ စကားတစ်ခွန်းကလည်း

ကိုယ်တောင် မသိလိုက်ခင် တံခါးတစ်ခု

ပိတ်သွားစေနိုင်တယ်။

Reputation ဆိုတာ Social Media မှာ

လူသိများတာ မဟုတ်ဘူး။

ကိုယ်မရှိတဲ့နေရာမှာ လူတွေ ကိုယ့်အကြောင်း

ဘယ်လိုပြောကြသလဲဆိုတာပါ။

ငွေပေးချေရမယ့်နေ့မှာ ကိုယ်ဘယ်လိုလုပ်ခဲ့လဲ?

ပြဿနာတက်တဲ့အချိန်မှာ ဘယ်လိုတာဝန်ယူခဲ့လဲ?

အကျိုးအမြတ်ရှိတဲ့အချိန်မှာ

မျှမျှတတ ခွဲခဲ့လား?

အဲဒါတွေက ကိုယ့်နာမည်ရဲ့ တန်ဖိုးကို

တဖြည်းဖြည်း တည်ဆောက်နေတယ်။

တစ်ခါတလေ

အခုချက်ချင်း အမြတ်နည်းနည်းလျော့သွားပေမယ့်

ကိုယ်ပေးထားတဲ့ကတိကို တည်နိုင်တာက

Long Term မှာ ပိုတန်ဖိုးရှိတတ်တယ်။

ဘာကြောင့်လဲဆိုတော့

Trust တစ်ခါရဖို့ အချိန်အများကြီးလိုတယ်။

ဒါပေမယ့် ဆုံးရှုံးဖို့တော့

ဆုံးဖြတ်ချက်တစ်ခုတည်း လုံလောက်နိုင်တယ်။

ဒါကြောင့် Business Decision တစ်ခုချတဲ့အခါ

ဒီကနေ ဘယ်လောက်မြတ်မလဲ?

တစ်ခုတည်း မကြည့်တော့ဘူး။

ဒီဆုံးဖြတ်ချက်ကြောင့် ငါ့နာမည်ရဲ့တန်ဖိုး

တက်မလား၊ ကျမလား?

ဆိုတာကိုပါ ထည့်စဉ်းစားတယ်။

ပိုက်ဆံက Balance Sheet ထဲမှာ မြင်ရတယ်။

Reputation ကတော့

Balance Sheet ထဲမှာ မမြင်ရဘူး။

ဒါပေမယ့် တစ်ခါတလေ လုပ်ငန်းတစ်ခုရဲ့

တန်ဖိုးအကြီးဆုံး Asset က

အဲဒီ မမြင်ရတဲ့အရာ ဖြစ်နေနိုင်တယ်။

ပိုက်ဆံဆုံးရှုံးရင် ပြန်ရှာလို့ရတယ်။

Business တစ်ခု မအောင်မြင်ရင် ပြန်စလို့ရတယ်။

ဒါပေမယ့်

လူတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးလိုက်ရင်

ပြန်တည်ဆောက်ဖို့ အချိန်အများကြီးလိုတယ်။

Founder တစ်ယောက်အတွက်

ကိုယ်တည်ဆောက်နေတဲ့ Company ထက်

ကိုယ်တည်ဆောက်နေတဲ့ နာမည်က

ပိုကြာရှည်တည်တံ့နိုင်ပါတယ်။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!