Founder Diary – Lesson #045
အရင်တုန်းက Company Culture ဆိုတာကို
အရမ်းကြီး မစဉ်းစားဖြစ်ခဲ့ဘူး။
အလုပ်ကောင်းကောင်းလုပ်မယ်။
Customer ကို ကောင်းကောင်းဆက်ဆံမယ်။
ဝန်ထမ်းတွေ အဆင်ပြေအောင်ထားမယ်။
ဒါလောက်ဆို ရပြီလို့ ထင်ခဲ့တယ်။
ဒါပေမယ့် လူတွေများလာပြီး
Team ကြီးလာတဲ့အခါမှ
Culture ဆိုတာ Founder မပြောဘဲနဲ့တောင်
နေ့တိုင်း Company ထဲမှာ တည်ဆောက်နေရတဲ့အရာ
ဆိုတာ နားလည်လာတယ်။
ဥပမာ
ဝန်ထမ်းတစ်ယောက် အမှားလုပ်တယ်။
အဲဒီအချိန်မှာ Manager က
အမှားကို ဖုံးပေးသလား?
တာဝန်ယူသလား?
တခြားသူကို အပြစ်ပုံချသလား?
အမှားကနေ ဘာသင်ယူနိုင်လဲဆိုတာ ပြန်ကြည့်သလား?
ဒီအပြုအမူတွေက
Policy စာရွက်ထဲမှာ မရေးထားလည်း
ဘေးမှာရှိတဲ့လူတွေ ကြည့်နေကြတယ်။
ပြီးတော့
ဒီ Company မှာ အမှားဖြစ်ရင် ဒီလိုလုပ်ရတာပဲ
ဆိုတာ သင်ယူသွားကြတယ်။
အဲဒါက Culture ဖြစ်လာတယ်။
တခြားဥပမာတစ်ခု
Founder က Meeting ကို အမြဲနောက်ကျတယ်။
ဒါပေမယ့်
ဝန်ထမ်းတွေကိုတော့ အချိန်တိကျဖို့ ပြောတယ်။
အဲဒီအချိန်မှာ
Company ရဲ့ Value က
Punctuality လို့ နံရံမှာရေးထားတာ မဟုတ်တော့ဘူး။
လူတွေ တကယ်သင်ယူသွားတာက
ရာထူးရှိရင် Rule က မတူဘူးဆိုပြီး ဖြစ်သွားတယ်။
Culture ကို စကားနဲ့ တည်ဆောက်လို့မရဘူး။
Founder နဲ့ Leader တွေရဲ့
နေ့စဉ်အပြုအမူက တည်ဆောက်ပေးတာ။
Customer မရှိတဲ့အချိန်မှာ
Customer အကြောင်း ဘယ်လိုပြောကြသလဲ?
အမှားတစ်ခုဖြစ်ရင်
ဘယ်သူ့ကို အပြစ်တင်ကြသလဲ?
ပိုက်ဆံနဲ့ပတ်သက်ရင်
ဘယ်လောက် ရိုးသားကြသလဲ?
လူအသစ်တစ်ယောက်ရောက်လာရင်
ဘယ်လိုဆက်ဆံကြသလဲ?
Founder မရှိတဲ့အချိန်မှာ
အလုပ်ကို ဘယ်လိုလုပ်ကြသလဲ?
ဒါတွေက
Company Culture ရဲ့ အဖြေအစစ်တွေပါ။
တစ်ခါတလေ
Company မှာ Rule တွေ အများကြီး မရှိပေမယ့်
Culture ကောင်းရင်
လူတွေက မလုပ်သင့်တာကို သိတယ်။
တစ်ခါတလေတော့
SOP တွေ၊ Policy တွေ အများကြီးရှိပေမယ့်
Culture မကောင်းရင်
Rule နဲ့သွေဖယ်ပြီး လုပ်တတ်လာကြတယ်။
ဒါကြောင့် System က လူတွေကို
ဘယ်လိုလုပ်ရမလဲ ပြောပေးနိုင်တယ်။
ဒါပေမယ့်
Culture ကတော့
ဘယ်သူမှစောင့်မကြည့်တဲ့အချိန်မှာ
ဘယ်လိုလုပ်မလဲ ဆိုတာကို ဆုံးဖြတ်ပေးတယ်။
နောက်ပိုင်းမှာ ကျွန်တော် ပိုသတိထားလာတာက
ဝန်ထမ်းတွေကို
တာဝန်ယူပါ
ရိုးသားပါ
Customer ကို ဂရုစိုက်ပါ
လို့ ပြောနေရုံနဲ့ မလုံလောက်တော့ဘူး။
အရင်ဆုံး Leader တွေကိုယ်တိုင်
ဒီအရာတွေ လုပ်ပြနေကြလား?
ဆိုတာကို ပြန်ကြည့်တယ်။
ဘာကြောင့်လဲဆိုတော့
လူတွေက Company ရဲ့ Value Statement ကို
နေ့တိုင်း မဖတ်ကြဘူး။
Leader တွေ ဘယ်လိုပြုမူနေလဲဆိုတာကိုတော့
နေ့တိုင်းမြင်နေကြတယ်။
Company Culture ဆိုတာ နံရံပေါ်မှာ
ရေးထားတဲ့ Value တွေ မဟုတ်ဘူး။
Founder မရှိတဲ့အချိန်မှာတောင်
လူတွေ ဘယ်လိုစဉ်းစားပြီး
ဘယ်လိုပြုမူကြသလဲဆိုတာက Culture ပါ။
နောက်ဆုံးမှာ
Company က Founder ပြောတဲ့အရာလို
ဖြစ်လာတာထက်
Founder နေ့တိုင်း လုပ်ပြနေတဲ့အရာလို
ပိုဖြစ်လာတတ်ပါတယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
