Founder Diary – Lesson #022
Business စလုပ်ခါစတုန်းက
Customer ပြောသမျှကို လိုက်လုပ်ပေးခဲ့ဖူးတယ်။
ဒီ Feature လေး ထည့်ပေးပါ။
ဒီလိုလုပ်ပေးရင် ပိုကောင်းမယ်။
ဒါလေး ပြောင်းပေးပါ။
Customer တောင်းဆိုတိုင်း
လိုက်ပြောင်းပေးခဲ့တယ်။
ဒါပေမယ့်
တစ်နှစ်လောက်ကြာတော့
ထူးဆန်းတာတစ်ခု သတိထားမိတယ်။
တောင်းဆိုခဲ့တဲ့ Customer တချို့က
နောက်တစ်ခါ ပြန်မလာတော့ဘူး။
ဒါပေမယ့်
ဘာမှ မတောင်းဆိုဘဲ
အမြဲပြန်လာတဲ့ Customer တွေတော့ ရှိနေတယ်။
နားလည်လာတာက
Customer တစ်ယောက်ရဲ့ အမြင်က
သူ့လိုအပ်ချက်ကိုပဲ ကိုယ်စားပြုတာ။
ဈေးကွက်တစ်ခုလုံးရဲ့ အမြင်ကို ကိုယ်စားမပြုဘူး။
ဥပမာ
Facebook Post တစ်ပုဒ်တင်လိုက်တယ်။
Comment တစ်ခုက
စာတိုတိုပဲ ရေးပါ။
နောက်တစ်ခုက
အသေးစိတ် ရေးပါ။
နောက်တစ်ခုက
Video ပဲ လုပ်ပါ။
Comment တိုင်းကပြောတဲ့အတိုင်းကို လိုက်လုပ်နေရင်
ကိုယ့် Page ရဲ့ Identity ပျောက်သွားလိမ့်မယ်။
Feedback ကို နားထောင်ရတယ်။ ဒါပေမယ့် Direction ကိုတော့ Creator က ဆုံးဖြတ်ရတယ်။
နားလည်လာပြီးနောက်ပိုင်း
Feedback ကိုတော့ အမြဲနားထောင်တယ်။
ဒါပေမယ့်
ဆုံးဖြတ်ချက်ချတဲ့အခါ
Customer တစ်ယောက်ရဲ့ စကားနဲ့ မဟုတ်ဘဲ
Data၊ အတွေ့အကြုံနဲ့ ကိုယ့် Vision ကို
အခြေခံပြီး ဆုံးဖြတ်လာတယ်။
Customer ရဲ့ အသံကို နားထောင်ပါ။
ဒါပေမယ့် လုပ်ငန်းရဲ့ လမ်းကြောင်းကိုတော့
Founder ကပဲ ဆုံးဖြတ်ရတယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
