Founder ရဲ့အလုပ်က အလုပ်အားလုံးကို ကိုယ်တိုင်လုပ်ဖို့ မဟုတ်ပါ။

Founder ရဲ့အလုပ်က အလုပ်အားလုံးကို ကိုယ်တိုင်လုပ်ဖို့ မဟုတ်ပါ။

Founder Diary – Lesson #041

Business စလုပ်ခါစမှာ

Founder က အရာအားလုံးနီးပါး

ကိုယ်တိုင်လုပ်ရတာ သဘာဝပါပဲ။

Customer နဲ့ ကိုယ်တိုင်ပြောတယ်။

ပစ္စည်းမှာတာ ကိုယ်တိုင်ကြည့်တယ်။

Marketing ကိုယ်တိုင်လုပ်တယ်။

ငွေစာရင်း ကိုယ်တိုင်စစ်တယ်။

ဝန်ထမ်းပြဿနာရှိရင် ကိုယ်တိုင်ဖြေရှင်းတယ်။

ဆုံးဖြတ်ချက်ကြီးသေးမရွေး

ကိုယ့်ဆီပဲ ရောက်လာတယ်။

အစပိုင်းမှာတော့

ဒါကို တာဝန်ယူမှု လို့ ကျွန်တော်မြင်ခဲ့တယ်။

ကိုယ့်လုပ်ငန်းဆိုတော့ ကိုယ်က အကုန်သိရမယ်၊

ကိုယ်က အကုန်ကြည့်ရမယ် ပေါ့။

ဒါပေမယ့် Business တွေ ပိုလုပ်လာတဲ့အခါ

အဲဒီနည်းနဲ့ ရှေ့ဆက်လို့ မရတော့ဘူး။

မနက်ရုံးရောက်တာနဲ့

ဆရာ ဒီ Customer ကို ဘယ်လိုပြန်ပြောရမလဲ?

ခဏနေတော့

ဒီပစ္စည်းကို ဘယ်ဈေးနဲ့ ရောင်းရမလဲ?

ပြီးတော့

ဒီအသုံးစရိတ်ကို Approve ပေးပါဦး။

ဒီကိစ္စ ဘယ်လိုလုပ်ရမလဲ?

တစ်နေ့လုံး

ကိုယ်တိုင် အလုပ်မလုပ်နေရင်တောင်

Decision တွေပေးနေရတာနဲ့ပဲ အချိန်ကုန်သွားတယ်။

အဲဒီအချိန်မှာ သဘောပေါက်လာတယ်။

ပြဿနာက ဝန်ထမ်းတွေ မလုပ်နိုင်တာတင်

မဟုတ်ဘူး။

လုပ်ငန်းကို Founder ဆီက အဖြေရမှ

ရှေ့ဆက်လို့ရအောင် ကိုယ်တိုင်

တည်ဆောက်ထားမိတာလည်း ပါတယ်။

ဥပမာ

Customer Complaint တစ်ခုရောက်လာတိုင်း

Founder ကို မေးရတယ်ဆိုပါစို့။

Founder က ဒီတစ်ခါ ဒီလိုလုပ်ပါ။

နောက်တစ်ခါ ဟိုလိုလုပ်ပါ။

ဆိုပြီး တစ်ခါချင်း ဖြေရှင်းပေးနေရင်

ပြဿနာတွေတော့ ပြီးသွားတယ်။

ဒါပေမယ့် System တစ်ခု မဖြစ်လာဘူး။

နောက်တစ်ယောက် အလားတူပြဿနာနဲ့

ရောက်လာရင် Founder ကို ထပ်မေးရပြန်တယ်။

အဲဒီအစား

ဘယ်အခြေအနေမှာ Refund ပေးလို့ရတယ်။

ဘယ်အခြေအနေမှာ Exchange လုပ်ပေးမယ်။

ဘယ် Amount အထိ Staff က

ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။

ဘယ်ကိစ္စမှ Founder ဆီ တင်ရမယ်။

ဆိုတာတွေကို Rule နဲ့ Process တစ်ခုအဖြစ်

သတ်မှတ်ထားလိုက်ရင်

နောက်တစ်ကြိမ်မှာ

Founder မရှိလည်း အလုပ်က ဆက်သွားနိုင်တယ်။

Delegation ဆိုတာ ကိုယ့်အလုပ်ကို

တခြားလူဆီ ပစ်ပေးလိုက်တာ မဟုတ်ဘူး။

လူတစ်ယောက်ကို

ကိုယ်မရှိတဲ့အချိန်မှာပါ မှန်ကန်တဲ့ဆုံးဖြတ်ချက်

ချနိုင်အောင် System တည်ဆောက်ပေးတာ။

အဲဒါမှ တကယ့် Delegation ဖြစ်လာတယ်။

Founder က အရာအားလုံးကို ကိုယ်တိုင်ကိုင်ထားရင်

အစပိုင်းမှာ Quality ကောင်းနိုင်တယ်။

Control လည်း ရှိတယ်။

ဒါပေမယ့် Business ကြီးလာတာနဲ့အမျှ

Founder ကိုယ်တိုင်က Bottleneck ဖြစ်လာနိုင်တယ်။

အလုပ် ၁၀ ခုရှိရင် ကိုယ်လိုက်လုပ်နိုင်တယ်။

အလုပ် ၁၀၀ ဖြစ်လာရင် လိုက်မလုပ်နိုင်တော့ဘူး။

အလုပ် ၁,၀၀၀ ဖြစ်လာရင်တော့

လုံးဝ မဖြစ်နိုင်တော့ဘူး။

ဒါကြောင့် နောက်ပိုင်းမှာ ပြဿနာတစ်ခု လာတိုင်း

ကိုယ်တိုင်ဖြေရှင်းပေးတာထက်

ဒီပြဿနာမျိုး နောက်တစ်ခါဖြစ်လာရင် ငါ့ကို

မမေးဘဲ ဖြေရှင်းနိုင်အောင်

ဘယ်လို System လုပ်ထားရမလဲ?

ဆိုတာကို ပိုစဉ်းစားဖြစ်လာတယ်။

SOP ဖြစ်နိုင်တယ်။

Checklist ဖြစ်နိုင်တယ်။

Approval Limit ဖြစ်နိုင်တယ်။

Training ဖြစ်နိုင်တယ်။

ဒါမှမဟုတ်

မှန်ကန်တဲ့လူကို Authority ပေးထားခြင်းလည်း

ဖြစ်နိုင်တယ်။

Founder က Business ကို မောင်းနှင်နေရတာထက်

System က Business ကို မောင်းနှင်နိုင်အောင်

ပြောင်းလဲနိုင်မှသာ ကိုယ်မရှိတဲ့နေ့မှာတောင်

ကိုယ်ရှိတဲ့နေ့လိုပဲ Business က

ဆက်လည်ပတ်နိုင်မှာပါ။

Tayza Ko Ko

(Dragon & Delta Business Enterprise)

error: Content is protected !!